Search This Blog

Popular Posts

Monday, February 4, 2019

အခန္း (၂) အသစ္တဖန္ စတင္ျခင္း / အခန်း (၂) အသစ်တဖန် စတင်ခြင်း



အခန္း (၂) အသစ္တဖန္ စတင္ျခင္း

မ်က္လုံးအစုံ ကို ဖြင့္ၿပီး ေဘးပတ္ဝန္းက်င္ကို ၾကည့္ေနရင္း ငါ မေသသင့္ေသးဘူးလို႔ ထူးထူးဆန္းဆန္းေတြးေန မိတယ္။ ဘုရားသခင္ ကိုယ္တိုင္ သတ္ခဲ့မွေတာ့ ျပန္ရွင္သန္ဖို႔ ဆိုတာလဲ မျဖစ္နိုင္ဘူးေလ။ အဲ.... ဘုရားသခင္ ထက္ အစြမ္းထက္တဲ့ တျခားတေယာက္ေယာက္ က ကူညီရင္ေတာ့ မေျပာတတ္ဘူး။

စိတ္ဝင္စားစရာပဲ.... ဇူးဇူး ကေတြးတယ္။

ေဘးပတ္လည္ကို ၾကည့္လိုက္ေတာ့ ေဟာင္းေပမဲ့ ေကာင္းေနေသးတဲ့ ပိုးသားအိပ္ယာေပၚမွာ လွဲေနမိတဲ့ အျဖစ္ကို သတိထားမိသြားတယ္။ အခန္း က အရမ္းေတာ့ မက်ယ္လွဘူး။ အိပ္ယာေပၚကထၿပီး မွန္ရွိတဲ့ ဆီကို ေလွ်ာက္သြားတဲ့ အခါ မွန္ထဲမွာ နတ္ဖုရားမလို လွပတဲ့ ပုံရိပ္ကို ျမင္ရတယ္။ တဆက္တည္းမွာပဲ..... အရမ္းပိန္ၿပီး အားနည္းေနတဲ့ ခႏၶာကိုယ္ကိုလဲ ျမင္လိုက္ရတယ္။ ႐ုတ္တရက္ အသိဝင္လာၿပီး သိလိုက္ရတာက...

ဒီခႏၶာကိုယ္ရဲ႕ ပိုင္ရွင္ က သူမ နဲ႕ နာမည္တူတယ္။ အဲေကာင္မေလး ရဲ႕ အေမ က ေသသြားတဲ့ အခါ သူ႕ အေဖ က ေနာက္မိန္းမ ယူလိုက္တယ္။ အဲ မိန္းမ (မိေထြး) က ေကာင္မေလး ကို သူ႕ အေဖမရွိတဲ့ အခါတိုင္းမွာ ႏွိပ္စက္ေလ့ ရွိတယ္။ ေကာင္မေလး အေဖ အိမ္ျပန္ေရာက္လာရင္ အဲ မိန္းမယုတ္ က သူမ ေနမေကာင္းေၾကာင္း နဲ႕ ဆရာဝန္ က အနားယူဖို႔မွာထားေၾကာင္း မူယာမာယာေတြ သုံးၿပီး ခြၽဲေျပာတတ္တယ္။

ေကာင္မေလး အေဖ က တုံးကန္းလြန္းလွတယ္။ သူ႕ အေဖ ရဲ႕ ထုံထိုင္းတုံးအမႈ က ေကာင္မေလးကို ေသေစခဲ့တာပဲ။

ေကာင္မေလး မွာ အကိုတေယာက္လဲရွိဖူးတယ္။ အဲ အကိုကေတာ့ သူ႕ညီမေလးကို ခ်စ္ရွာေပမဲ့ အေဝးကို အဲ ေကာင္ေလးကိုလဲ အေဝးမွာ ေက်ာင္းသြားတက္ခိုင္းထားတယ္။

ေကာင္မေလး မွာ မိေထြးဖက္က ပါလာတဲ့ အမ တေယာက္လဲရွိတယ္။ အဲ သူ႕ အမ ကလဲ သူ႕အေမ၊ ေကာင္မေလး ရဲ႕ မိေထြးလိုပဲ ေကာင္မေလးကို ႏွိပ္စက္ေလ့ရွိတယ္။ (စင္ဒရဲလားတို႔၊ စနိုးဝွိုက္တို႔ လိုေပါ့။) ေကာင္မေလး ကို လဲ အၿမဲ အျပစ္တင္ေနတတ္တယ္။ အဓိက က ေတာ့ ေကာင္မေလး က ေကာင္းေကာင္း မထြားက်ိဳင္းလာဘူး။ ေကာင္မေလး က မဖြံ႕ၿဖိဳးလာဘူး ဆိုၿပီးေတာ့ေပါ့..။

ဘာ.... မဖြံ႕ၿဖိဳးဘူး။ ဘာလဲဟ။

သူမက ကိုယ့္လက္ေကာက္ဝတ္ကို ကိုယ္ကိုင္ၾကည့္လိုက္တယ္။ အာ.... ရပါတယ္။ ဖြံ႕ၿဖိဳးဖို႔ က မခက္ပါဘူး။ ခုကေတာ့ ဒီ မိန္းမယုတ္ႀကီးက အဆိပ္ခတ္ထားတာကိုး။ ဒါေၾကာင့္ မဖြံ႕ၿဖိဳးနိုင္တာ။

သူမ ရဲ႕ အစြမ္းေတြ က သူမရဲ႕ ဝိဉာဥ္နဲ႕ ခ်ိတ္ဆက္ထားတာဆိုေတာ့ သိပ္မၾကာခင္ ဒီခႏၶာကိုယ္ထဲမွာ ခိုေနတုန္း အစြမ္းေတြ ျပန္ရလာမွာပါပဲ။ တခုရွိတာက ခႏၶာကိုယ္က သိပ္အားနည္းေနေတာ့ အစြမ္းေတြ ျပန္ရဖို႔ အေတာ္ ေစာင့္ရဦးမယ္ထင္တယ္။

ဒါေပမဲ့ အင္အားေကာင္းတဲ့ စိတ္ဝိဉာဥ္ အဖို႔ကေတာ့ အဆိပ္ေတြကို ၃ ရက္ေလာက္ အတြင္းမွာ ခႏၶာကိုယ္ကေန ဖယ္ရွားဖို႔တတ္နိုင္ပါတယ္။ အဆိပ္ေတြကုန္သြားတာနဲ႕ သူမရဲ႕ အစြမ္း ၅% ေလာက္က ျပန္ရလာလိမ့္မယ္ေလ။

သူမ က ဒီခႏၶာကိုယ္ကို ခပ္ျမန္ျမန္ဖြံ႕ၿဖိဳးၿပီး ပုံမွန္အေျခအေနေရာက္လာနိုင္ဖို႔ စတင္ႀကိဳးစားတယ္။ အိမ္ က လူေတြကေတာ့ အရင္ေကာင္မေလး အဆိပ္ခတ္ခံရၿပီးေသသြားတာကိုေတာင္ ဂ႐ုမထားမိလိုက္ၾကပါဘူး။

ဟို မိန္းမယုတ္ႀကီး က ေကာင္မေလးကို ျဖည္းျဖည္းေလးနဲ႕ နာက်င္ခံစားၿပီးေသေအာင္လုပ္ထားခဲ့တာပဲ။
…………….
………..
………
…..

..
.
၃ ရက္ေလာက္ ၾကာၿပီးတဲ့အခါ.....

ဇူးဇူး က သူမရဲ႕ မ်က္လုံးေတြကို ျဖည္းျဖည္းခ်င္းဖြင့္ၿပီး မ်က္ႏွာေပၚမွာ အၿပဳံးေလးတပြင့္ ဆင္ျမန္းလိုက္တယ္။ သူမရဲ႕ အစြမ္း ၅% ကို သူမ ျပန္လည္ ရရွိအသုံးခ်ဖိဳ႕ အဆင္သင့္ျဖစ္ေနၿပီေလ။ ဒီ ၅% ေလာက္ အစြမ္းေတြကို က အျပစ္ဒဏ္ခံသင့္တဲ့ ငမိုက္သားေတြကို အျပစ္ေပးဖို႔ လုံေလာက္ပါတယ္ေလ။

သူမ ေရခ်ိဳးဖို႔လိုေနၿပီေလ။ သူမ တံခါးဖြင့္ဖို႔ႀကံေနတုန္းမွာ အေစခံ ၂ ေယာက္ က တံခါးဖြင့္ၿပီး ဝင္လာတယ္။

“အို.. အဆင္သင့္လိုက္ေလ။ ငါေရခ်ိဳးဖို႔ ေရကန္နဲ႕ အဝတ္အစားေတြ သြားျပင္လိုက္ပါဦး” ေကာင္မေလး က ေျပာလိုက္တယ္။

ဇူးဇူး က ထၿပီး ကတ္ေၾကးတလက္ကို ဖြက္ၿပီးယူလိုက္တယ္။

အေစခံထဲက တေယာက္က မ်က္ေမွာင္ၾကဳတ္ၿပီး “ မင္းလို အမွိုက္သရိုက္….” စကားေတာင္ ဆုံးေအာင္ မေျပာလိုက္ရပါဘူး။ ဇူးဇူး က ႐ုတ္တရက္ သူ႕ေရွ႕ေရာက္သြားၿပီး ပါးစပ္ထဲက လွ်ာကို ဆြဲထုတ္ၿပီး ကတ္ေၾကးနဲ႕ ရက္ရက္စက္စက္ ျဖတ္ခ်လိဳက္တယ္။

“အား……!!!!!”
အျဖတ္ခံရတဲ့ အေစခံမရဲ႕ လွ်ာ က ၾကမ္းျပင္ေပၚမွာ  က်ေနၿပီးေတာ့ ပါးစပ္ထဲက လွ်ာ အရင္း ကေန ေသြးေတြပန္းထြက္ေနတယ္။ အေစခံမ ဟာ နာလြန္းလို႔ တကိုယ္လုံးတုန္ေနတာပဲ။
ဘယ္လို ျဖတ္လိုက္သလဲ ဆိုတဲ့ လႈပ္ရွားမႈကို အဲဒီ အေစခံမ ခင္မ်ာမွာ မေတြ႕လိုက္ဘူး။ သတိရေတာ့ လွ်ာမရွိေတာ့ဘူး ေအးတာပဲ။

ဇူးဇူး ကေတာ့ သူ႕ထုံးစံအတိုင္း ေအးစက္စက္ၿပဳံးရင္း ၾကမ္းျပင္ေပၚက်ေနတဲ့ လွ်ာျပတ္ႀကီးကို အေစခံမ မ်က္ႏွာဆီ ပစ္ေပါက္လိုက္တယ္။ အေစခံ ႏွစ္ေယာက္ ဟာ သူမကို ေၾကာက္လန႔္စြာနဲ႕ ၾကည့္ေနၾကတယ္။ တေယာက္နဲ႕ တေယာက္လဲ မကူနိုင္ မကယ္နိုင္နဲ႕ေပါ့။

ဇူးဇူးက ၾကည့္ေနရင္းၿပဳံးတယ္။ သူမ အၿပဳံးဟာ လွပတယ္။ ေအးစက္တယ္။ ဆြဲေဆာင္မႈ ရွိတယ္။ ဒါေပမဲ့ မေကာင္းဆိုးဝါးဆန္တဲ့ အၿပဳံးမ်ိဳးလဲ ျဖစ္တယ္။

ဇူးဇူး က တျခား အေစခံတေယာက္ကို လွည့္ၿပီး ၿပဳံးျပတယ္။
“မင္းတို႔ ႏွစ္ေယာက္ ဒီနား ဘာလာလုပ္ၾကတာတုန္း”
ရိုးရိုးေလးေမးလိုက္ေပမဲ့ လိမ္ရဲရင္ လိမ္ၾကည့္စမ္းဆိုတဲ့ ၾသဇာအာဏာ အျပည့္ပါေနတယ္။

“မ.. မမ..ေလး ရဲ႕ အေမ က မမေလး ကို အိမ္ေရွ႕ခန္းမ ထဲ လာခဲ့ဖို႔ အေခၚလႊတ္လိုက္လို႔ပါ” အေစခံမ ခင္မ်ာ စကားကို ေျဖာင့္ေျဖာင့္မေျပာနိုင္ဘူး။ သူ႕ ပုံစံက ေၾကာက္လြန္းလို႔ တုန္ေနတာပဲ။

အာ... ဟုတ္ၿပီ...! ဒီ မိန္းမယုတ္ႀကီး က ေကာင္မေလး ေသသြားတာကို မသိေသးဘူးျဖစ္ရမယ္။

“ဘာလို႔ ငါ့ကို ေခၚတာလဲ” ဇူးဇူး က အေစခံမကို မၾကည့္ဘဲ သူလွ်ာျဖတ္ထားတဲ့ အေစခံဘက္ ကို လွည့္ၿပီးေမးလိုက္တယ္။ အေစခံမ ဟာ အခန္းေထာင့္ကို ကပ္နိုင္သေလာက္ နံရံနဲ႕ တသားတည္းေလာက္ျဖစ္ေအာင္ ကပ္ၿပီး တကိုယ္လုံးေၾကာက္႐ြံ႕နာၾကင္ထိတ္လန႔္မႈေတြနဲ႕ တုန္လႈပ္ေနတယ္။ နာက်င္မႈကလဲ တစထက္ တစ ပိုမို ခံစားလာရေတာ့ အသံပီပီသသမထြက္ေတာ့ေပမဲ့ ညည္းၫူေနမိတယ္။

“ငါေနာက္ထပ္ နင့္ကိုယ္ေပၚက တခုခုကို ထပ္မျဖတ္မိခင္ နင္တိတ္တိတ္ေနစမ္း”
အေစခံမဟာ အသံမထြက္ရဲဘဲ တိတ္သြားတယ္။ ဇူးဇူး က သူ႕လက္ကို အေစခံမရဲ႕ အကၤ်ီ နဲ႕ သုတ္ပလိုက္တယ္။

“ငါ မင္းကို ေမးေနတာ မၾကားဘူးလား” တုန္တုန္ရီရီ နဲ႕ ေၾကာက္လန႔္စြာ ရပ္ေနတဲ့ အေစခံမ ကို ၾကည့္ရင္း ေျပာလိုက္တယ္။

“မမေလး ရဲ႕ ၾကင္ယာေတာ္၊ မင္းသားေလး က မမေလး နဲ႕ ေတြ႕ဖို႔ ေရာက္ေနပါတယ္” အေစခံမ က ေခါင္းကို ငုံ႕ၿပီး ၾကမ္းျပင္ကို စိုက္ၾကည့္ရင္း ေျပာလိုက္တယ္။ သူ႕ပုံစံ ၾကည့္ရတာ ဇူးဇူး နဲ႕ မ်က္လုံးခ်င္းဆုံဖို႔ကို ေၾကာက္ေနသလိုပါပဲ။

ဇူးဇူး က ႐ုတ္တရက္ သတိရသြားတယ္။ ဟုတ္သားပဲ။ ဒီ ေကာင္မလ​ေး မွာ ေစ့စပ္ထားၿပီးသား ေကာင္ေလးရွိတာပဲ။ ဒါေပမဲ့ သူတို႔ ႏွစ္ေယာက္ တခါမွ မေတြ႕ဖူးေသးဘူး။ (ထူးဆန္းတယ္ေနာ္)။
ေအးေလ... ေစ့စပ္ထားတာ ပ်က္သြားလဲ ေအးတာပဲ။ အဲ မင္းသားနဲ႕ ဘုရင္ေတြ ၾကားသြားၿပီး ဘာမဟုတ္တဲ့ အေျခအေနေလး နဲ႕ အလကားေနရင္း တဘဝလုံးကို စေတးပစ္ရမွာ ႏွေမ်ာစရာႀကီး။

“သြားစမ္း။ ငါေရခ်ိဳးဖို႔ ေရကန္နဲ႕ အဝတ္အစားေတြ ျပင္ထား။ ဒီမိန္းမ ကိုပါ တခါတည္းေခၚသြား။ ငါေရခ်ိဳးၿပီးရင္ ဒီအခန္း ထဲက ေပပြေနတာေတြ လာရွင္း။”

“ဒါ....ေပမဲ့ မင္းသားေလးကို....”

“နင္ က ငါ့ခိုင္းတာကို မလုပ္ဘဲ ျပန္ေျပာခ်င္ေနတာလား” စိန္းစိန္းႀကီးစိုက္ၾကည့္ၿပီး လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ရင္း ေမးလိုက္တယ္။

“မ..မဟုတ္...က်... က်မ”

“ေအး သြား၊ နင့္ အလုပ္ နင္သြားလုပ္ခ်ည္” အေစခံမရဲ႕စကားကို ျဖတ္ေျပာပစ္လိုက္တယ္။

ၿပီးတာနဲ႕ အိပ္ယာေပၚကို ထိုင္ခ်လိဳက္ရင္း ေတြးေနမိတယ္။ ငါ မင္းသားေလးနဲ႕ ေစ့စပ္တာ ဖ်က္ဖို႔ သိပ္လုပ္စရာေတာ့ မလိုပါဘူး။ ဟို အယုတ္တမာမႀကီးက သူ႕ အယုတ္တမာမေလး ကို မင္းသားေလး နဲ႕ ေစ့စပ္နိုင္ေအာင္လုပ္မွာပဲ။ ငါသိပ္ေတာင္ ဝင္ပါစရာမလိုဘူး။ ဒါေပမဲ့ အဲလိုျဖစ္ရင္ ငါ့ အတြက္ ဘာေတြ ဆိုးကုန္မလဲ ဆိုတာပဲ စဥ္းစားထားရမယ္..။

ခုေလာေလာဆယ္ေတာ့ အစြမ္း က ၅% ေလာက္ပဲ ျပန္ရေသးတယ္။ နို႔မဟုတ္ရင္ေတာ့ ငါ့လမ္းေၾကာင္းမွာ ရႈပ္ေနတာေတြ အကုန္လုံးကို ဘာမွ စဥ္းစားစရာမလိုဘဲ သတ္ပလိုက္႐ုံပဲ။

မွတ္မိသေလာက္ဆိုရင္ ၅% ဆိုတာလဲ သိပ္အနိမ့္ႀကီးေတာ့ မဟုတ္ပါဘူး။ ကမာၻေပၚ က အဆင့္အတန္း နဲ႕ ၾကည့္ရင္ “SS” အဆင့္ေလာက္ေပါ့။ သူမ ကို ကလန္ကဆန္လုပ္ဖို႔ဆိုရင္ အဲလူေတြ က ၃ ႀကိမ္ေလာက္ ေသခ်ာစဥ္းစားသင့္တယ္။ အဆင့္ေတြ ခြဲထားတာက “D” “C” “B” “A” “S” “SS” နဲ႕ “SSS” ဆိုၿပီးေတာ့ေပါ့။

SS အဆင့္ရွိတဲ့လူေတြက ကမာၻေပၚမွာ ၉ ေယာက္ပဲ ရွိတာ။ ခုေလာေလာဆယ္ သူမ အပါဆိုရင္ေတာ့ ၁၀ ေယာက္ေပါ့ေလ။ SSS အေၾကာင္းေတာ့ မေျပာေတာ့ပါဘူး။ အဲ အဆင့္ေတြက ရွားပါးသတၱဝါေတြေလ။

ေရခ်ိဳး ကိုယ္လက္သန႔္စင္ၿပီး၊ ၾကည့္ေကာင္းေအာင္ ဝတ္စားဆင္ယင္လိုက္တဲ့ အခါ... သူမ ရဲ႕ နတ္ဖုရားမတပါးလို လွပၿပီး ၾကက္သေရ အေပါင္းနဲ႕ ျပည့္စုံတဲ့ ႐ူပကာကို ပိုင္ဆိုင္ထားတာ သိသာသြားတယ္။ ႐ုတ္တရက္ ျမင္လိုက္ရင္ ဟာ နတ္ဖုရားမ လူ႕ေလာက ကို ႂကြလာတယ္လို႔ေတာင္ ထင္မွတ္ရၿပီး မင္သက္သြားေစနိုင္တယ္။

အေစခံေတြေတာင္မွပဲ သူမရဲ႕ အလွမွာ အံ့ၾသမင္သက္ကုန္ၾကတယ္။ ဒါေတာင္မွ သူမ ဟာ ရတနာေတြ တစုံတခုကိုမွ ဆင္ျမန္းမထားရေသးဘူး။ ရတနာေတြ ဝတ္ဆင္ဖို႔လဲ စိတ္မပါလွဘူးေလ။

ကဲ အယုတ္တမာမႀကီး နဲ႕ ဟိုမင္းသားေလး ကို ေတြ႕ၾကရေအာင္။

ဇူးဇူး က ေတြးရင္းနဲ႕ ၿပဳံးလိုက္တယ္။ သူ႕ အၿပဳံးကို ျမင္လိုက္ရတဲ့ အေစခံေတြဟာ ေဆာက္တည္ရာမရေအာင္ ထိတ္လန႔္တုန္လႈပ္ေနၾကတယ္။

အဲလိုၿပဳံးလိုက္ရင္ တေယာက္ေယာက္ေတာ့ နာေတာ့မယ္လို႔ သူတို႔ ထင္ၾကတာေလ။

အို…..!!!! သူတို႔ ထင္တာ မွန္မ်ားေနမလား....။

===========

ကဲ ေဟ့လူေတြ..

အပိုင္း (၂) ကေတာ့ ဒီေလာက္ပါပဲ...

ႀကိဳက္ၾကမယ္ထင္တာပဲ...

ပိုမိုေကာင္းမြန္တဲ့ အေရးအသားေတြ ျဖစ္လာေအာင္ အႀကံေပးမႈေတြကို ႀကိဳဆိုေနပါတယ္။

သံမဏိမယ္ေလး ရဲ႕ အၿပဳံးေလးေတြကို သေဘာက်ရင္ Like, Share & Comment ေလးေတြ ေပးသြားၾကပါ။

အပိုင္း (၃) ေမွ်ာ္....

================

အခန်း (၂) အသစ်တဖန် စတင်ခြင်း

မျက်လုံးအစုံ ကို ဖွင့်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်နေရင်း ငါ မသေသင့်သေးဘူးလို့ ထူးထူးဆန်းဆန်းတွေးနေ မိတယ်။ ဘုရားသခင် ကိုယ်တိုင် သတ်ခဲ့မှတော့ ပြန်ရှင်သန်ဖို့ ဆိုတာလဲ မဖြစ်နိုင်ဘူးလေ။ အဲ.... ဘုရားသခင် ထက် အစွမ်းထက်တဲ့ တခြားတယောက်ယောက် က ကူညီရင်တော့ မပြောတတ်ဘူး။

စိတ်ဝင်စားစရာပဲ.... ဇူးဇူး ကတွေးတယ်။

ဘေးပတ်လည်ကို ကြည့်လိုက်တော့ ဟောင်းပေမဲ့ ကောင်းနေသေးတဲ့ ပိုးသားအိပ်ယာပေါ်မှာ လှဲနေမိတဲ့ အဖြစ်ကို သတိထားမိသွားတယ်။ အခန်း က အရမ်းတော့ မကျယ်လှဘူး။ အိပ်ယာပေါ်ကထပြီး မှန်ရှိတဲ့ ဆီကို လျှောက်သွားတဲ့ အခါ မှန်ထဲမှာ နတ်ဖုရားမလို လှပတဲ့ ပုံရိပ်ကို မြင်ရတယ်။ တဆက်တည်းမှာပဲ..... အရမ်းပိန်ပြီး အားနည်းနေတဲ့ ခန္ဓာကိုယ်ကိုလဲ မြင်လိုက်ရတယ်။ ရုတ်တရက် အသိဝင်လာပြီး သိလိုက်ရတာက...

ဒီခန္ဓာကိုယ်ရဲ့ ပိုင်ရှင် က သူမ နဲ့ နာမည်တူတယ်။ အဲကောင်မလေး ရဲ့ အမေ က သေသွားတဲ့ အခါ သူ့ အဖေ က နောက်မိန်းမ ယူလိုက်တယ်။ အဲ မိန်းမ (မိထွေး) က ကောင်မလေး ကို သူ့ အဖေမရှိတဲ့ အခါတိုင်းမှာ နှိပ်စက်လေ့ ရှိတယ်။ ကောင်မလေး အဖေ အိမ်ပြန်ရောက်လာရင် အဲ မိန်းမယုတ် က သူမ နေမကောင်းကြောင်း နဲ့ ဆရာဝန် က အနားယူဖို့မှာထားကြောင်း မူယာမာယာတွေ သုံးပြီး ချွဲပြောတတ်တယ်။

ကောင်မလေး အဖေ က တုံးကန်းလွန်းလှတယ်။ သူ့ အဖေ ရဲ့ ထုံထိုင်းတုံးအမှု က ကောင်မလေးကို သေစေခဲ့တာပဲ။

ကောင်မလေး မှာ အကိုတယောက်လဲရှိဖူးတယ်။ အဲ အကိုကတော့ သူ့ညီမလေးကို ချစ်ရှာပေမဲ့ အဝေးကို အဲ ကောင်လေးကိုလဲ အဝေးမှာ ကျောင်းသွားတက်ခိုင်းထားတယ်။

ကောင်မလေး မှာ မိထွေးဖက်က ပါလာတဲ့ အမ တယောက်လဲရှိတယ်။ အဲ သူ့ အမ ကလဲ သူ့အမေ၊ ကောင်မလေး ရဲ့ မိထွေးလိုပဲ ကောင်မလေးကို နှိပ်စက်လေ့ရှိတယ်။ (စင်ဒရဲလားတို့၊ စနိုးဝှိုက်တို့ လိုပေါ့။) ကောင်မလေး ကို လဲ အမြဲ အပြစ်တင်နေတတ်တယ်။ အဓိက က တော့ ကောင်မလေး က ကောင်းကောင်း မထွားကျိုင်းလာဘူး။ ကောင်မလေး က မဖွံ့ဖြိုးလာဘူး ဆိုပြီးတော့ပေါ့..။

ဘာ.... မဖွံ့ဖြိုးဘူး။ ဘာလဲဟ။

သူမက ကိုယ့်လက်ကောက်ဝတ်ကို ကိုယ်ကိုင်ကြည့်လိုက်တယ်။ အာ.... ရပါတယ်။ ဖွံ့ဖြိုးဖို့ က မခက်ပါဘူး။ ခုကတော့ ဒီ မိန်းမယုတ်ကြီးက အဆိပ်ခတ်ထားတာကိုး။ ဒါကြောင့် မဖွံ့ဖြိုးနိုင်တာ။

သူမ ရဲ့ အစွမ်းတွေ က သူမရဲ့ ဝိဉာဉ်နဲ့ ချိတ်ဆက်ထားတာဆိုတော့ သိပ်မကြာခင် ဒီခန္ဓာကိုယ်ထဲမှာ ခိုနေတုန်း အစွမ်းတွေ ပြန်ရလာမှာပါပဲ။ တခုရှိတာက ခန္ဓာကိုယ်က သိပ်အားနည်းနေတော့ အစွမ်းတွေ ပြန်ရဖို့ အတော် စောင့်ရဦးမယ်ထင်တယ်။

ဒါပေမဲ့ အင်အားကောင်းတဲ့ စိတ်ဝိဉာဉ် အဖို့ကတော့ အဆိပ်တွေကို ၃ ရက်လောက် အတွင်းမှာ ခန္ဓာကိုယ်ကနေ ဖယ်ရှားဖို့တတ်နိုင်ပါတယ်။ အဆိပ်တွေကုန်သွားတာနဲ့ သူမရဲ့ အစွမ်း ၅% လောက်က ပြန်ရလာလိမ့်မယ်လေ။

သူမ က ဒီခန္ဓာကိုယ်ကို ခပ်မြန်မြန်ဖွံ့ဖြိုးပြီး ပုံမှန်အခြေအနေရောက်လာနိုင်ဖို့ စတင်ကြိုးစားတယ်။ အိမ် က လူတွေကတော့ အရင်ကောင်မလေး အဆိပ်ခတ်ခံရပြီးသေသွားတာကိုတောင် ဂရုမထားမိလိုက်ကြပါဘူး။

ဟို မိန်းမယုတ်ကြီး က ကောင်မလေးကို ဖြည်းဖြည်းလေးနဲ့ နာကျင်ခံစားပြီးသေအောင်လုပ်ထားခဲ့တာပဲ။
…………….
………..
………
…..

..
.
၃ ရက်လောက် ကြာပြီးတဲ့အခါ.....

ဇူးဇူး က သူမရဲ့ မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်ပြီး မျက်နှာပေါ်မှာ အပြုံးလေးတပွင့် ဆင်မြန်းလိုက်တယ်။ သူမရဲ့ အစွမ်း ၅% ကို သူမ ပြန်လည် ရရှိအသုံးချဖို့ အဆင်သင့်ဖြစ်နေပြီလေ။ ဒီ ၅% လောက် အစွမ်းတွေကို က အပြစ်ဒဏ်ခံသင့်တဲ့ ငမိုက်သားတွေကို အပြစ်ပေးဖို့ လုံလောက်ပါတယ်လေ။

သူမ ရေချိုးဖို့လိုနေပြီလေ။ သူမ တံခါးဖွင့်ဖို့ကြံနေတုန်းမှာ အစေခံ ၂ ယောက် က တံခါးဖွင့်ပြီး ဝင်လာတယ်။

“အို.. အဆင်သင့်လိုက်လေ။ ငါရေချိုးဖို့ ရေကန်နဲ့ အဝတ်အစားတွေ သွားပြင်လိုက်ပါဦး” ကောင်မလေး က ပြောလိုက်တယ်။

ဇူးဇူး က ထပြီး ကတ်ကြေးတလက်ကို ဖွက်ပြီးယူလိုက်တယ်။

အစေခံထဲက တယောက်က မျက်မှောင်ကြုတ်ပြီး “ မင်းလို အမှိုက်သရိုက်….” စကားတောင် ဆုံးအောင် မပြောလိုက်ရပါဘူး။ ဇူးဇူး က ရုတ်တရက် သူ့ရှေ့ရောက်သွားပြီး ပါးစပ်ထဲက လျှာကို ဆွဲထုတ်ပြီး ကတ်ကြေးနဲ့ ရက်ရက်စက်စက် ဖြတ်ချလိုက်တယ်။

“အား……!!!!!”
အဖြတ်ခံရတဲ့ အစေခံမရဲ့ လျှာ က ကြမ်းပြင်ပေါ်မှာ  ကျနေပြီးတော့ ပါးစပ်ထဲက လျှာ အရင်း ကနေ သွေးတွေပန်းထွက်နေတယ်။ အစေခံမ ဟာ နာလွန်းလို့ တကိုယ်လုံးတုန်နေတာပဲ။
ဘယ်လို ဖြတ်လိုက်သလဲ ဆိုတဲ့ လှုပ်ရှားမှုကို အဲဒီ အစေခံမ ခင်မျာမှာ မတွေ့လိုက်ဘူး။ သတိရတော့ လျှာမရှိတော့ဘူး အေးတာပဲ။

ဇူးဇူး ကတော့ သူ့ထုံးစံအတိုင်း အေးစက်စက်ပြုံးရင်း ကြမ်းပြင်ပေါ်ကျနေတဲ့ လျှာပြတ်ကြီးကို အစေခံမ မျက်နှာဆီ ပစ်ပေါက်လိုက်တယ်။ အစေခံ နှစ်ယောက် ဟာ သူမကို ကြောက်လန့်စွာနဲ့ ကြည့်နေကြတယ်။ တယောက်နဲ့ တယောက်လဲ မကူနိုင် မကယ်နိုင်နဲ့ပေါ့။

ဇူးဇူးက ကြည့်နေရင်းပြုံးတယ်။ သူမ အပြုံးဟာ လှပတယ်။ အေးစက်တယ်။ ဆွဲဆောင်မှု ရှိတယ်။ ဒါပေမဲ့ မကောင်းဆိုးဝါးဆန်တဲ့ အပြုံးမျိုးလဲ ဖြစ်တယ်။

ဇူးဇူး က တခြား အစေခံတယောက်ကို လှည့်ပြီး ပြုံးပြတယ်။
“မင်းတို့ နှစ်ယောက် ဒီနား ဘာလာလုပ်ကြတာတုန်း”
ရိုးရိုးလေးမေးလိုက်ပေမဲ့ လိမ်ရဲရင် လိမ်ကြည့်စမ်းဆိုတဲ့ သြဇာအာဏာ အပြည့်ပါနေတယ်။

“မ.. မမ..လေး ရဲ့ အမေ က မမလေး ကို အိမ်ရှေ့ခန်းမ ထဲ လာခဲ့ဖို့ အခေါ်လွှတ်လိုက်လို့ပါ” အစေခံမ ခင်မျာ စကားကို ဖြောင့်ဖြောင့်မပြောနိုင်ဘူး။ သူ့ ပုံစံက ကြောက်လွန်းလို့ တုန်နေတာပဲ။

အာ... ဟုတ်ပြီ...! ဒီ မိန်းမယုတ်ကြီး က ကောင်မလေး သေသွားတာကို မသိသေးဘူးဖြစ်ရမယ်။

“ဘာလို့ ငါ့ကို ခေါ်တာလဲ” ဇူးဇူး က အစေခံမကို မကြည့်ဘဲ သူလျှာဖြတ်ထားတဲ့ အစေခံဘက် ကို လှည့်ပြီးမေးလိုက်တယ်။ အစေခံမ ဟာ အခန်းထောင့်ကို ကပ်နိုင်သလောက် နံရံနဲ့ တသားတည်းလောက်ဖြစ်အောင် ကပ်ပြီး တကိုယ်လုံးကြောက်ရွံ့နာကြင်ထိတ်လန့်မှုတွေနဲ့ တုန်လှုပ်နေတယ်။ နာကျင်မှုကလဲ တစထက် တစ ပိုမို ခံစားလာရတော့ အသံပီပီသသမထွက်တော့ပေမဲ့ ညည်းညူနေမိတယ်။

“ငါနောက်ထပ် နင့်ကိုယ်ပေါ်က တခုခုကို ထပ်မဖြတ်မိခင် နင်တိတ်တိတ်နေစမ်း”
အစေခံမဟာ အသံမထွက်ရဲဘဲ တိတ်သွားတယ်။ ဇူးဇူး က သူ့လက်ကို အစေခံမရဲ့ အင်္ကျီ နဲ့ သုတ်ပလိုက်တယ်။

“ငါ မင်းကို မေးနေတာ မကြားဘူးလား” တုန်တုန်ရီရီ နဲ့ ကြောက်လန့်စွာ ရပ်နေတဲ့ အစေခံမ ကို ကြည့်ရင်း ပြောလိုက်တယ်။

“မမလေး ရဲ့ ကြင်ယာတော်၊ မင်းသားလေး က မမလေး နဲ့ တွေ့ဖို့ ရောက်နေပါတယ်” အစေခံမ က ခေါင်းကို ငုံ့ပြီး ကြမ်းပြင်ကို စိုက်ကြည့်ရင်း ပြောလိုက်တယ်။ သူ့ပုံစံ ကြည့်ရတာ ဇူးဇူး နဲ့ မျက်လုံးချင်းဆုံဖို့ကို ကြောက်နေသလိုပါပဲ။

ဇူးဇူး က ရုတ်တရက် သတိရသွားတယ်။ ဟုတ်သားပဲ။ ဒီ ကောင်မလ​ေး မှာ စေ့စပ်ထားပြီးသား ကောင်လေးရှိတာပဲ။ ဒါပေမဲ့ သူတို့ နှစ်ယောက် တခါမှ မတွေ့ဖူးသေးဘူး။ (ထူးဆန်းတယ်နော်)။
အေးလေ... စေ့စပ်ထားတာ ပျက်သွားလဲ အေးတာပဲ။ အဲ မင်းသားနဲ့ ဘုရင်တွေ ကြားသွားပြီး ဘာမဟုတ်တဲ့ အခြေအနေလေး နဲ့ အလကားနေရင်း တဘဝလုံးကို စတေးပစ်ရမှာ နှမျောစရာကြီး။

“သွားစမ်း။ ငါရေချိုးဖို့ ရေကန်နဲ့ အဝတ်အစားတွေ ပြင်ထား။ ဒီမိန်းမ ကိုပါ တခါတည်းခေါ်သွား။ ငါရေချိုးပြီးရင် ဒီအခန်း ထဲက ပေပွနေတာတွေ လာရှင်း။”

“ဒါ....ပေမဲ့ မင်းသားလေးကို....”

“နင် က ငါ့ခိုင်းတာကို မလုပ်ဘဲ ပြန်ပြောချင်နေတာလား” စိန်းစိန်းကြီးစိုက်ကြည့်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း မေးလိုက်တယ်။

“မ..မဟုတ်...ကျ... ကျမ”

“အေး သွား၊ နင့် အလုပ် နင်သွားလုပ်ချည်” အစေခံမရဲ့စကားကို ဖြတ်ပြောပစ်လိုက်တယ်။

ပြီးတာနဲ့ အိပ်ယာပေါ်ကို ထိုင်ချလိုက်ရင်း တွေးနေမိတယ်။ ငါ မင်းသားလေးနဲ့ စေ့စပ်တာ ဖျက်ဖို့ သိပ်လုပ်စရာတော့ မလိုပါဘူး။ ဟို အယုတ်တမာမကြီးက သူ့ အယုတ်တမာမလေး ကို မင်းသားလေး နဲ့ စေ့စပ်နိုင်အောင်လုပ်မှာပဲ။ ငါသိပ်တောင် ဝင်ပါစရာမလိုဘူး။ ဒါပေမဲ့ အဲလိုဖြစ်ရင် ငါ့ အတွက် ဘာတွေ ဆိုးကုန်မလဲ ဆိုတာပဲ စဉ်းစားထားရမယ်..။

ခုလောလောဆယ်တော့ အစွမ်း က ၅% လောက်ပဲ ပြန်ရသေးတယ်။ နို့မဟုတ်ရင်တော့ ငါ့လမ်းကြောင်းမှာ ရှုပ်နေတာတွေ အကုန်လုံးကို ဘာမှ စဉ်းစားစရာမလိုဘဲ သတ်ပလိုက်ရုံပဲ။

မှတ်မိသလောက်ဆိုရင် ၅% ဆိုတာလဲ သိပ်အနိမ့်ကြီးတော့ မဟုတ်ပါဘူး။ ကမ္ဘာပေါ် က အဆင့်အတန်း နဲ့ ကြည့်ရင် “SS” အဆင့်လောက်ပေါ့။ သူမ ကို ကလန်ကဆန်လုပ်ဖို့ဆိုရင် အဲလူတွေ က ၃ ကြိမ်လောက် သေချာစဉ်းစားသင့်တယ်။ အဆင့်တွေ ခွဲထားတာက “D” “C” “B” “A” “S” “SS” နဲ့ “SSS” ဆိုပြီးတော့ပေါ့။

SS အဆင့်ရှိတဲ့လူတွေက ကမ္ဘာပေါ်မှာ ၉ ယောက်ပဲ ရှိတာ။ ခုလောလောဆယ် သူမ အပါဆိုရင်တော့ ၁၀ ယောက်ပေါ့လေ။ SSS အကြောင်းတော့ မပြောတော့ပါဘူး။ အဲ အဆင့်တွေက ရှားပါးသတ္တဝါတွေလေ။

ရေချိုး ကိုယ်လက်သန့်စင်ပြီး၊ ကြည့်ကောင်းအောင် ဝတ်စားဆင်ယင်လိုက်တဲ့ အခါ... သူမ ရဲ့ နတ်ဖုရားမတပါးလို လှပပြီး ကြက်သရေ အပေါင်းနဲ့ ပြည့်စုံတဲ့ ရူပကာကို ပိုင်ဆိုင်ထားတာ သိသာသွားတယ်။ ရုတ်တရက် မြင်လိုက်ရင် ဟာ နတ်ဖုရားမ လူ့လောက ကို ကြွလာတယ်လို့တောင် ထင်မှတ်ရပြီး မင်သက်သွားစေနိုင်တယ်။

အစေခံတွေတောင်မှပဲ သူမရဲ့ အလှမှာ အံ့သြမင်သက်ကုန်ကြတယ်။ ဒါတောင်မှ သူမ ဟာ ရတနာတွေ တစုံတခုကိုမှ ဆင်မြန်းမထားရသေးဘူး။ ရတနာတွေ ဝတ်ဆင်ဖို့လဲ စိတ်မပါလှဘူးလေ။

ကဲ အယုတ်တမာမကြီး နဲ့ ဟိုမင်းသားလေး ကို တွေ့ကြရအောင်။

ဇူးဇူး က တွေးရင်းနဲ့ ပြုံးလိုက်တယ်။ သူ့ အပြုံးကို မြင်လိုက်ရတဲ့ အစေခံတွေဟာ ဆောက်တည်ရာမရအောင် ထိတ်လန့်တုန်လှုပ်နေကြတယ်။

အဲလိုပြုံးလိုက်ရင် တယောက်ယောက်တော့ နာတော့မယ်လို့ သူတို့ ထင်ကြတာလေ။

အို…..!!!! သူတို့ ထင်တာ မှန်များနေမလား....။

===========

ကဲ ဟေ့လူတွေ..

အပိုင်း (၂) ကတော့ ဒီလောက်ပါပဲ...

ကြိုက်ကြမယ်ထင်တာပဲ...

ပိုမိုကောင်းမွန်တဲ့ အရေးအသားတွေ ဖြစ်လာအောင် အကြံပေးမှုတွေကို ကြိုဆိုနေပါတယ်။

သံမဏိမယ်လေး ရဲ့ အပြုံးလေးတွေကို သဘောကျရင် Like, Share & Comment လေးတွေ ပေးသွားကြပါ။

အပိုင်း (၃) မျှော်....

အခန္း (၁) ေသျခင္း / အခန်း (၁) သေခြင်း


Zawgyi....

နတ္ဘုရားေတြရဲ႕ ဆႏၵကို ဆန႔္က်င္ၿပီး ငါ ျပန္ရွင္သန္ခဲ့တယ္...



အခန္း (၁) ေသျခင္း

ေသတယ္ ဆိုတာ ဘာမွ မဟုတ္ပါဘူး။ ဒါေပမဲ့ အသစ္တခုရဲ႕ အစလို႔ေတာ့ ေျပာလို႔ရတယ္။



ေသြးအလိမ္းလိမ္း နဲ႕ ဘယ္သူဘယ္ဝါမွန္းမသိေအာင္ ႐ုပ္ပ်က္ဆင္းပ်က္ ခုတ္ထစ္သတ္ျဖတ္ခံထားရတဲ့ ခႏၶာကိုယ္ အပိုင္းအစေတြ က အသက္ကင္းမဲ့ၿပီး ေအးစက္ေနတဲ့ ေျမျပင္ေပၚမွာ ေျခာက္ျခားဖြယ္ ျပန႔္ႀကဲေနတယ္။



ေျမျပင္ဟာ အက္ကြဲၿပီး ဘာဆိုတာမွန္းခြဲျခားရခက္တဲ့ အပိုင္းအစေတြက ထိုးထိုးေထာင္ေထာင္ထြက္ေနၾကတယ္။ တခ်ိန္ က ေတာက္ပဝံ့ႂကြားခဲ့တဲ့ အေဆာက္အဦးေတြက ဖ်က္ဆီးခံထားရၿပီး သူတို႔ရဲ႕ အႂကြင္းအက်န္ေတြဟာ ေနရာတိုင္းမွာ ျပန႔္ႀကဲေနတယ္။ အရင္တုန္း က သိပ္ကို စည္ကားၿပီး လွပေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ ၿမိဳ႕ႀကီး တခု ျဖစ္ခဲ့တယ္ ဆိုတာကို ဘယ္သူမွ ေျပာနိုင္ေတာ့မယ္ မထင္ပါဘူး။



ဒီအေသေကာင္ေတြ နဲ႕ အပ်က္အစီးေတြ ၾကားမွာ အသက္ (၁၇) ႏွစ္ေက်ာ္ေလာက္ မိန္းကေလးတေယာက္ဟာ ေသြးေတြ႐ႊဲနစ္ေနတဲ့ အနက္ေရာင္ ဝတ္စုံကို ဝတ္ၿပီး မားမားရပ္ေနတယ္။ သူမ ရဲ႕ မ်က္ႏွာဟာ ႏွင္းပြင့္ေလးေတြလို ျဖဴဆြတ္ေနၿပီး မ်က္လုံးေတြ ကေတာ့ ျမေက်ာက္လို စိမ္းဖန႔္ဖန႔္အေရာင္ေတာက္ေနတယ္။ သူမ ရဲ႕ ႏႈတ္ခမ္းေတြ က ေသြးလိုနီရဲၿပီး လမိုက္ညလို နက္ေမွာင္ေတာက္ေျပာင္ေနတဲ့ ဆံပင္ကို ပိုင္ဆိုင္ထားတယ္။ သူမကို ၾကည့္ရတာ မႏွင္းျဖဴ ေလးလိုပါပဲ။ နတ္ဖုရားမေလး တပါးလို႔လဲ ဆိုနိုင္ေလာက္တယ္။





သူမ ကို ၾကည့္ရတာ ဝိဉာဥ္ ကင္းမဲ့ေနသလိုပါပဲ။ သူမဟာ ပ်င္းရိပ်င္းတြဲရပ္ေနၿပီး၊ သြယ္လ်လွပတဲ့ လက္ကေလး မွာ ပတၱျမားအေသြးလို နီရဲေနတဲ့ ေသြးေတြ က တစက္စက္ က်ဆင္းေနတယ္။ ဒါေပမဲ့ သူမ ကိုယ္ေပၚမွာ ဒဏ္ရာနဲ႕ တူတာ ျခစ္ရာေလး တခုေတာင္ ရွိမေနပါဘူး။



ဒီ သြယ္သြယ္လ်လ် လွလွပပ ေကာင္မေလးကို ရန္လိုေနတဲ့ ေယာက်ာ္းတသိုက္ က သတ္ျဖတ္ခ်င္စိတ္အျပည့္နဲ႕ ေဘးပတ္လည္ကေန ဝိုင္းရံထားၾကတယ္။ သာမန္လူတေယာက္သာဆိုရင္ ဒီအေျခအေနမွာ ေၾကာက္စိတ္နဲ႕ တုန္ရီၿပီး ထြက္ေတာင္ေျပးေလာက္ပါတယ္။ ဒါေပမဲ့ သူမကေတာ့ ထီမထင္တဲ့ မ်က္ႏွာေပးေလးနဲ႕ ရပ္ေနတယ္။



သားေကာင္ကို ဝန္းရံမိထားတဲ့ ေျမေခြးအုပ္လို အဲဒီ လူစု ဟာ ေကာင္မေလးဆီ ကို ခ်ဥ္းကပ္လာၾကတယ္။ 







၆ ေပေလာက္ ျမင့္တဲ့ လူသန္ႀကီးတေယာက္က တိတ္ဆိတ္မႈကို ၿဖိဳခြဲၿပီး စကားစလိုက္တယ္။



“မင္းနိုင္ဖို႔ အခြင့္အေရးေတာင္ မရွိေတာ့ပါဘူးကြာ။ ဘာလို႔ အရႈံးမေပးေသးတာတုန္း? ငါတို႔လဲ အလကားေနရင္း အားမကုန္ေအာင္၊ မင္းလဲ သက္သက္သာသာ နဲ႕ ေသစရာရွိတာ ေသလို႔ရေအာင္ ငါတို႔ ညွိၾကမယ္ေလ။ မင္း ကို ခပ္ျမန္ျမန္ နဲ႕ မနာေအာင္ အဆုံးသတ္ေပးမွာပါ။ ငါ ကတိ……”



ကန္းေနတဲ့လူျဖစ္ရင္ေတာင္ ဒီလူႀကီးရဲ႕စကားသံက ၾသဇာအာဏာျပည့္ဝတယ္ ဆိုတာကို လက္ခံလိမ့္မယ္။ သူ႕ရဲ႕ ျပည့္ဝသန္မာတဲ့ စိတ္ဓါတ္အင္အား က သူေျပာတဲ့စကားမွာကို ေပၚလြင္ေနတယ္။



ဒါေပမဲ့ သူ စကားထပ္မဆက္ရေသးခင္မွာပဲ.. ႐ုတ္တရက္ ေသဆုံးသြားတယ္။

သူ႕ရဲ႕ ခႏၶာကိုယ္ က အပိုင္းပိုင္းျပတ္သြားၿပီး ဝက္သတ္သလို အသတ္ခံလိုက္ရတယ္။

သူ႕ခႏၶာကိုယ္ က ပန္းထြက္လာတဲ့ ေသြးေတြက သူ႕ေနာက္မွာ ရပ္ေနတဲ့ သူ႕ အေဖာ္ေတြဆီကို စင္ကုန္တယ္။



အားလုံးဟာ ၾကက္ေသေသကုန္ၾကတယ္။



“ဘာလဲ..? ဒီလူ က သိပ္စကားမ်ားတယ္..။ ငါ က အဓိပၸါယ္မရွိတဲ့ စကားေတြ ေတာင္စဥ္ေရမရ ေလွ်ာက္ေျပာေနတာမ်ိဳးကို ႀကိဳက္တာမဟုတ္ဘူး” လို႔ ေကာင္မေလး က အျပစ္ကင္းစင္တဲ့ အၿပဳံးေလးကို ၿပဳံးရင္း ေအးတိေအးစက္ ေျပာလိုက္တယ္။ သူ႕ အၿပဳံးနဲ႕ အေျပာ ကိုပဲ ျမင္ရင္ ကေလးေလးတေယာက္လို ျဖဴစင္တယ္လို ျမင္သူတိုင္း က ထင္ၾကမွာပါပဲ။



သူတို႔ အေဖာ္ ႐ုတ္တရက္ အသက္ေပ်ာက္သြားတဲ့ေနာက္မွာ... ရန္လိုေနတဲ့လူစု ရဲ႕ သတ္ျဖတ္ခ်င္စိတ္ကို ေၾကာက္စိတ္ က ေနရာဝင္ယူသြားတယ္..။ မ်က္ေတာင္ တခတ္ အတြင္း ေကာင္မေလး ႐ုတ္တရက္ သတ္ပစ္လိုက္တဲ့ လူက သူတို႔ အုပ္စုထဲမွာ အသန္မာဆုံးတေယာက္ ျဖစ္တယ္ေလ။



သူတို႔ မ်က္ေတာင္မခတ္တမ္းၾကည့္ေနတာေတာင္ သူမရဲ႕ လႈပ္ရွားမႈကို မျမင္လိုက္ရဘူးေလ။



“ဘာလဲ။ ရွင္တို႔ က က်မနဲ႕ တိုက္ဖို႔ ေၾကာက္ေနၿပီလား?” ေကာင္မေလး က မခံခ်ိမခံသာျဖစ္ေအာင္ ေျပာၿပီး စကားနာထိုးလိုက္တယ္။



အားလုံးက လႈပ္လႈပ္ရွားရွားျဖစ္သြားတယ္။

ေသဆုံးသြားရတဲ့ အေဖာ္ေတြအတြက္ ကလဲ့စားေခ်ခ်င္တဲ့ အုပ္စုနဲ႕ ကိုယ့္အသက္ကို ကယ္တင္ဖို႔ ရတဲ့ေနရာက ထြက္ေျပးမဲ့ အုပ္စု ဆိုၿပီး ႏွစ္ဖြဲ႕ကြဲသြားတယ္။ ခဏေလာက္ၾကာၿပီးတဲ့ အခါမွာ အားလုံးက ကလဲ့စားေခ်ဖိဳ႕ ဆုံးျဖတ္လိုက္ၾကတယ္။ ဖိစီးေနတဲ့ အေၾကာက္တရား နဲ႕ပဲ အားလုံးတူတူ စုေပါင္းၿပီး မိန္းကေလး ကို ျပန္တိုက္ဖို႔ ဆုံးျဖတ္လိုက္ၾကတယ္။ သူတို႔သာ စုစုစည္းစည္းနဲ႕ တိုက္မယ္ဆိုရင္ ဒီေကာင္မေလးကို အနိုင္တိုက္နိုင္မယ္လို႔ အားလုံးက ထင္ထားၾကတယ္။



ဟုတ္တယ္မလား?



ဘယ္သူမွေတာ့ မေျဖနိုင္ပါဘူး။ ဘယ္သူမွေတာ့ မေျဖနိုင္ပါဘူး။ သူတို႔သာ ထင္တဲ့ အတိုင္း မျဖစ္လာခဲ့ရင္...။



တဖက္ျခမ္းစြန္းစြန္းမွာ ေကာင္ေလး တေယာက္ရပ္ေနတယ္။ အသက္ ၁၂ ႏွစ္ေက်ာ္ေက်ာ္ေလာက္လို႔ ထင္ရတယ္။ ေကာင္မေလးလိုပဲ ျဖဴဖတ္ျဖဴေလ်ာ္ေလး၊ ဒါေပမဲ့ သူ႕ၾကည့္ရတာ နည္းနည္းပိုႏူးညံ့ၿပီး ေကာင္မေလးေလာက္ေတာ့ ေအးစက္စက္ မဟုတ္ဘူး။ ေကာင္းကင္ျပာေရာင္လို ေတာက္ပတဲ့ မ်က္ဝန္းျပာေတြကို ပိုင္ဆိုင္ထားတယ္။ ႏႈတ္ခမ္းေတြ က အနီေရာင္သမ္းၿပီး ခ်ိဳျမတယ္လို႔ ခံစားရေစတယ္။ တခုရွိတာက ေကာင္မေလး ရဲ႕ ဆံႏြယ္ေတြက နက္ေမွာင္ေတာက္ေျပာင္သေလာက္ ေကာင္ေလး ရဲ႕ ဆံပင္ေတြကေတာ့ ဆြတ္ဆြတ္ျဖဴေနတာပဲ။ သူ႕ရဲ႕ ဆံပင္ျဖဴေတြက သူဝတ္ထားတဲ့ အျဖဴေရာင္ဝတ္႐ုံႀကီးနဲ႕ ပနံသင့္ေနတယ္။ ဝတ္စုံျဖဴဟာ အစြန္းအထင္းတခုေတာင္ မရွိဘဲ သန႔္ရွင္းေတာက္ေျပာင္ေနတာပဲ။



ေကာင္ေလးရဲ႕ အေနာက္နားမွာ ေကာင္မေလး နဲ႕ ေကာင္ေလး ထက္ အသက္ႀကီးမဲ့ပုံေပၚတဲ့ လူႀကီးတေယာက္ ရပ္ေနတယ္။ သူကလဲ ေကာင္ေလးလိုပဲ အျဖဴေရာင္ ဝတ္စုံကို ဝတ္ထားတယ္။ ခါးမွာလဲ သူကိုင္ေနက် ဓါးရွည္တလက္ကို ခ်ိတ္ဆြဲထားေသးတယ္။



ေကာင္မေလး နဲ႕ တူတဲ့ ေနာက္ထပ္အခ်က္ေတြကေတာ့ သူတို႔ကို ၾကည့္ရတာလဲ ဝိဉာဥ္ကင္းမဲ့ေနသလိုပါပဲ။



ဒီမွာ ျဖစ္ေနတဲ့ တိုက္ပြဲက ေကာင္ေလး ကို မအံ့ၾသေစဘူး။ ေကာင္ေလး အေနနဲ႕လဲ သူရွာေနတာ ေတြ႕သြားပုံရတယ္။



ရန္လိုေနတဲ့ လူအုပ္စု ထဲက လူေတြအားလုံးက ေကာင္မေလးကို တၿပိဳင္နက္ ဝိုင္းတိုက္ခိုက္လိုက္ၾကတယ္။ အားလုံး က သူတို႔ တတ္နိုင္သမွ် အင္အားကို အစြမ္းကုန္ထုတ္ၿပီး ေကာင္မေလး ကို တိုက္ခိုက္တာကို ေကာင္ေလး က ျမင္တယ္။ 



“ငတုံးေတြပဲ” လို႔ သူ ၾကည့္ရင္းေတြးမိလိုက္တယ္။



ေကာင္မေလးနားကို ထိပ္ဆုံးေရာက္သြားတဲ့ လူတေယာက္က သူ႕ဓါးကို မာန္သြင္းၿပီး ေအာ္ရင္း ျမႇောက္လိုက္တယ္။ “အလင္း အ….”။ သူ ဆုံးေအာင္ မာန္သြင္းဖို႔ မတတ္နိုင္လိုက္ပါဘူး။ တဝက္တပ်က္နဲ႕ပဲ အသက္ေပးလိုက္ရရွာတယ္။ သူ႕ေနာက္က လိုက္လာတဲ့ အေဖာ္ေတြကိုပါ တဆက္တည္း တိုက္ခိုက္လိုက္တာ အားလုံးက အပိုင္းပိုင္း ျပတ္ၿပီး ဇာတ္သိမ္းကုန္တယ္။



ေသြးစက္ေတြ က ေလထုထဲ ဝဲပ်ံေနၿပီး ေနရာတကာကို ေသြးေတြ ျပန႔္ႀကဲကုန္တယ္။



လူေတြ အားလုံးရဲ႕ အဝတ္ေတြ က ေသြးေတြနဲ႕ ႐ႊဲနစ္ကုန္တယ္။ အားလုံး က ဒီ ေၾကာက္စရာျမင္ကြင္းကို မ်က္လုံးျပဴးၿပီး ၾကည့္ေနၾကၿပီးေတာ့ တၿပိဳင္နက္ေတြးမိတာက “ သူမ က ဘယ္သူပါလိမ့္”။



အင္း ဘာ ေမွာ္အစြမ္း မွ မသုံးပဲ ဒီလူေတြကို ဒီလို အျဖစ္မ်ိဳးနဲ႕ ေသေအာင္ သတ္နိုင္တယ္ ဆိုကတည္း က စဥ္းစားသင့္ေနပါၿပီ။



က်န္ေနတဲ့လူေတြ က ေၾကာက္႐ြံ႕ေနၾကၿပီးေတာ့ တၿပိဳင္နက္မွာ က်ဆဳံးသြားတဲ့ သူတို႔ ညီေနာင္ေတြ အတြက္ ေဒါသလည္းထြက္၊ ေနာင္တလဲရေနၾကတယ္။



“ဝိဉာဥ္ အက” ႐ုတ္တရက္ လူစုထဲက တေယာက္က ပီပီသသ နဲ႕ က်ယ္က်ယ္ ေအာ္ၿပီး သူ႕ အစြမ္းကို ထုတ္သုံးလိုက္တယ္။ ဒီ တခုက အလုပ္ျဖစ္မယ္လို႔ သူ ယုံၾကည္ထားတယ္။



အလင္းလို လ်င္ျမန္စြာ နဲ႕ မိန္းကေလး ဆီကို သူေျပးၿပီး သူ႕ သူငယ္ခ်င္းေတြ ေသဆုံးမႈ အတြက္ တိုက္ခိုက္လိုက္တယ္။



ေဘးပတ္ပတ္လည္ ေလထဲကေန ဓါးသြားပုံေတြ ေမွာ္ဆန္ဆန္ေပၚလာၿပီး ေကာင္မေလး ဆီ တိုက္ရိုက္ေျပးဝင္သြားတယ္။ သူ ခနဲ႕ၿပဳံးေလး ၿပဳံးလိုက္ၿပီး၊ ေကာင္မေလး ကို အဆုံးမွာ သတ္နိုင္ဖို႔ စိတ္ေတြလႈပ္ရွားေနတယ္။ ေကာင္ေလးကေတာ့ ပ်င္းရိပ်င္းတြဲ႕ပဲ သူမရဲ႕ ညာဘက္လက္ကို ျမႇောက္ၿပီး တိုက္ကြက္ကို တန္ျပန္လိုက္တယ္။



“ဘယ္လိုေတာင္ အေရးမစိုက္သလို ေစာ္ကားလိုက္တာလဲ” သူ က ေအာ္ၿပီးေျပာလိုက္တယ္။



ဘယ္လိုပဲ ျဖစ္ျဖစ္ သူမရဲ႕ လက္တခ်က္ အျမႇောက္မွာ သူ႕ရဲ႕ တိုက္ကြက္ ဟာ အပိုင္းပိုင္းပ်က္စီးသြားခဲ့ရတယ္။ 

သူ႕တိုက္ကြက္ ပ်က္စီးသြားတာ ကို မ်က္ျမင္ကိုယ္ေတြ႕ႀကဳံလိုက္တဲ့ အခါ သူ႕ မ်က္ႏွာဟာ ျဖဴဖတ္ျဖဴေလ်ာ္ျဖစ္သြားၿပီးအလြန္ထိတ္လန႔္သြားတယ္။



အဲဒီေနာက္မွာ ေျပးဝင္လာတဲ့ သူ႕အရွိန္ကို ရပ္မရေတာ့ဘဲ ေကာင္မေလး အနီး ခ်ဥ္းကပ္မိသြားတယ္။ အနီးေရာက္လာတာနဲ႕ သူ႕ ခႏၶာကိုယ္ဟာ အညီအမွ် ဘယ္ညာ ႏွစ္ဖက္ျခမ္းခံလိုက္ရတယ္။



ေကာင္မေလး ရဲ႕ လႈပ္ရွားမႈ က အလြန္သြက္လက္ၿပီး တိက်လြန္းေနတယ္။ တိုက္ခိုက္လာတဲ့လူဟာ ေရွာင္ဖို႔ေကာ၊ တန္ျပန္တိုက္ခိုက္ဖို႔ေကာ အခြင့္အေရး လုံးဝ မရလိုက္ဘူး။ သူ႕ မ်က္လုံးေတြ က အလြန္ထိတ္လန႔္ေနတဲ့ အသြင္ နဲ႕ ျပဴးက်ယ္ၿပီး ခႏၶာကိုယ္ က ေျမေပၚကို တဖက္တခ်က္စီ လဲက်သြားခဲ့တယ္။



သူ႕ေနာက္ဆုံး အေတြး က ေတာ့ “အေရးမစိုက္သလို ေစာ္ကားလိုက္တာ သူမ မဟုတ္ဘူး။ ငါပါလား။ သူမ ဟာ ငါ့ကို ေအးေအးေဆးေဆး သတ္ပစ္နိုင္ေလာက္တဲ့ အထိ ေတာ္လွပါလား။” ဆိုတာမ်ိဳး ျဖစ္လိမ့္မယ္။



ေနာက္ဆုံး က်န္တဲ့ ၉ ေယာက္ရဲ႕ ကံၾကမၼာ က ဘာျဖစ္လာဦးမလဲ။



ဒီ ေကာင္မေလးဟာ ရက္စက္ၾကမ္းၾကတ္ၿပီး၊ က႐ုဏာကင္းမဲ့ သနားတတ္တဲ့စိတ္လုံးဝ မရွိသူ ျဖစ္တယ္။ တခ်ိဳ႕ေတြ က ေခါင္းျဖတ္သတ္ခံရတယ္။ တေယာက္ကို ဦးေဏွာက္ေတြ ျပတ္ထြက္ေအာင္ ခုတ္ျဖတ္ထားၿပီးေတာ့ ေနာက္တေယာက္ ကိုေတာ့ လည္ေခ်ာင္းကို ဓါးနဲ႕ ေမႊၿပီး စုတ္ၿဖဲထားတယ္။ တျခားလူေတြကိုလဲ အပိုင္းပိုင္း ျဖစ္ေအာင္ ခုတ္ျဖတ္ထားတယ္။



သူမကို ၾကည့္ရတာ ေသြးေတြ က ေရလို ႐ႊဲနစ္ေနၿပီး ေအးစက္စက္ နဲ႕၊ ေအာ္ဂလီဆန္စရာ ေနရာမွာ ေက်နပ္ေနသလိုပဲ။



ေနာက္ဆုံးက်န္တဲ့ တေယာက္ကို ၾကည့္ရတာ မုန္တိုင္းၾကား က သစ္႐ြက္ကေလးလိုပဲ။ အလြန္တုန္လႈပ္စြာ နဲ႕ ရွိေနတယ္။ သူဟာ ၾကက္ေသေသေနၿပီး၊ ေကာင္မေလးကို အရမ္းေၾကာက္႐ြံ႕ေနတယ္။ ေကာင္မေလး က သူ႕ အေဖာ္ေတြကို ရက္ရက္စက္စက္ သတ္ပစ္လိုက္ၿပီမလား။ သူ႕စိတ္ထဲမွာ ေကာင္မေလး အေနနဲ႕ သူ႕ အေဖာ္ေတြကို လူလို႔ေတာင္ ျမင္ရဲ႕လား ဆိုတာ သံသယ ျဖစ္မိတယ္။ သူ႕ အေဖာ္ေတြကို ေကာင္မေလး က သူ႕ေရွ႕ကလမ္းမွာ ေတြ႕တဲ့ ျမက္ပင္ေတြ ရွင္းသလို ရွင္းထုတ္သြားခဲ့တာေလ။



“ဪ.. ေကာင္းၿပီ ေကာင္းသားပဲ..။ ရွင္ က ေနာက္ဆုံးက်န္တဲ့ တေယာက္ေပါ့။” ေကာင္မေလး က က်ားသစ္နက္ တေကာင္ ညေမွာင္ရိပ္ခိုၿပီး သားေကာင္ဆီ ခ်ဥ္းကပ္လာသလို လာရင္း ေျပာတယ္။ ေကာင္မေလး က မေကာင္းဆိုးဝါး တေကာင္လို ေၾကာက္မက္ဖြယ္မ်က္ႏွာေပးနဲ႕ ၿပဳံးလိုက္ၿပီး... “ေကာင္းတယ္။ ငါ အႀကိဳက္ဆုံး နည္းလမ္းကို သုံးဖို....”



ေနာက္ဆုံးက်န္တဲ့လူ က အလြန္ထိတ္လန႔္သြားတယ္။ မဟုတ္ဘူး။ သူက အရမ္း ထိတ္လန႔္ေနၿပီးသား။ ခုေတာ့ ဒီ မေကာင္းဆိုးဝါးေလး ရဲ႕ လက္က လြတ္ဖို႔အတြက္ ခပ္ျမန္ျမန္ေသဖို႔ ဆုေတာင္းေနရၿပီေလ။ သူက သူ႕ရဲ႕ ေနာက္ဆုံးလက္က်န္ အစြမ္းေလးကို ထုတ္သုံးဖို႔ေတာ့ ႀကိဳးစားပါေသးတယ္။ ဒါေပမဲ့ ေကာင္မေလး ရဲ႕ အစြမ္းေအာက္မွာ သူ႕ အစြမ္းက ကြယ္ေပ်ာက္သြားရၿပီေလ။



ၿပီးတာနဲ႕ ေကာင္မေလး က ေနာက္ဆုံးက်န္တဲ့လူကို တိုက္ခိုက္တယ္။ ေကာင္မေလး အေနနဲ႕ အားလုံးကို အရင္ဆုံး အစြမ္းျပခိုင္းၿပီးမွ သတ္ပစ္တာ ျဖစ္တယ္။ ၾကည့္ရတာ ေကာင္မေလး က သူတို႔တေယာက္ခ်င္းစီကို ေၾကာင္ က ႂကြက္ကို ေဆာ့သလို ေဆာ့ၿပီး သတ္ပစ္ေနတာပဲ။



ေနာက္ဆုံးက်န္တဲ့လူဟာ ေၾကာက္လြန္းလို႔ တုန္ရီေနတဲ့ၾကားထဲ သူ႕ ေဘာင္းဘီဂြၾကားမွာ စိုတဲ့အကြက္ႀကီး တကြက္ ေပၚလာတယ္။ ေၾကာက္ ေသးထြက္က်တာေပါ့။ ေကာင္မေလး က ခ်စ္စဖြယ္အမူအရာနဲ႕ ႏွာေခါင္းရႈံ႕လိုက္ၿပီး မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္လုပ္လိုက္ေသးတယ္။ အဲဒီေနာက္မွာ..



သူမရဲ႕ ဓါးကို ျမႇောက္လိုက္ၿပီး ေနာက္ဆုံးလူရဲ႕ ႏွလုံးတည့္တည့္ကို ထိုးစိုက္ခ်လိဳက္တယ္။ ၿပီးေတာ့ ဓါးကို ေမႊ႕လိုက္တဲ့ အခါ ဟိုလူရဲ႕ ရင္ဘတ္မွာ အေပါက္အႀကီးႀကီးျဖစ္သြားၿပီး ေကာင္မေလး ရဲ႕ ဓါးဖ်ားမွာ ဟိုလူရဲ႕ ႏွလုံးႀကီး ပါလာတယ္။



“ဘယ္ေလာက္ ေပ်ာ္ဖို႔ေကာင္းတုန္း” ေကာင္မေလး က ေျပာတယ္။ ၿပီးေတာ့ သူ႕ဓါးကို အသာေဝွ႕ယမ္းၿပီး ႏွလုံးႀကီးကို ညစ္ပတ္ေနတဲ့ ေျမႀကီးေပၚပစ္ခ်လိဳက္တယ္။ ေျမႀကီးေပၚမွာ ႏွလုံးကို ဖုန္မုန႔္ေတြ၊ သဲေတြ ေပကုန္တယ္။

“ေကာင္းၿပီ” 

ေကာင္မေလး က ထူးဆန္းတဲ့ ေကာင္ေလး နဲ႕ လူႀကီး ရွိတဲ့ နားကို လွည့္ၾကည့္လိုက္တယ္။

ေယာက်ာ္းေလး ၂ ေယာက္က လဲ ေအးေအးေဆးေဆး ျပန္ၾကည့္တယ္။



သူတို႔အားလုံးဟာ ကိုယ့္ကိုယ္ကို ထိန္းသိမ္းနိုင္ၾကၿပီး လုံေလာက္တဲ့စိတ္ဓါတ္ခြန္အားေတြ ရွိေနၾကတယ္။



ေကာင္ေလးက ေကာင္မေလးဆီကို ကပ္သြားတယ္။

႐ုတ္တရက္ ေကာင္ေလး က သူ႕ဓါးကို ဓါးအိမ္ကေန ခြၽတ္လိုက္တယ္။ အဓိပၸါယ္ကေတာ့ ရွင္းပါတယ္။ တိုက္ၾကမယ္ေပါ့။ ေကာင္ေလးက ေကာင္မေလးကို တိုက္မယ္။ နိုင္ရင္ ဒါမွမဟုတ္ သတ္နိုင္ခ်င္လဲ သတ္နိုင္မယ္။ ဒါေပမဲ့ ေကာင္မေလး က လည္း လည္တယ္။ ဒီတိုက္ပြဲက တေယာက္ေယာက္ ဒဏ္ရာျပင္းျပင္းထန္ထန္မရမခ်င္း မၿပီးဘူးဆိုတာ သိတယ္။



“ဘုရားသခင္..” ေကာင္မေလး က ေရ႐ြတ္တယ္။

ေကာင္မေလး က ခဏတျဖဳတ္နားခ်င္ေနၿပီေလ။ အိပ္ေရးဝဝ အိပ္ပလိုက္ခ်င္ေနၿပီ။

သူမ ဘယ္လိုအနားယူရမလဲ ဆိုတာကိုပဲ သူမေတြးေနမိတာ။



“ဒါလူေတြ က်ေနာ့ကို ေခၚတဲ့နာမည္ပဲ” ေကာင္ေလး က တိုက္ခိုက္ေနတုန္း ၿပဳံးရင္း ေျပာတယ္။



“ဟမ္?” ေကာင္ေလးက သာေျပာတာ ေကာင္မေလး က နားမလည္ဘူး။



“ဘုရားသခင္၊ ဒါ က်ေနာ့ကို လူေတြ (ေသမ်ိဳးေတြ) ေခၚတဲ့နာမည္ပဲ” 



ေကာင္မေလး က ႐ုတ္တရက္ အရမ္း အံ့ၾသသြားၿပီး ယဲ့ယဲ့ေလး ၿပဳံးလိုက္တယ္။



“ငါတို႔ တိုက္ၾကရေအာင္” ေကာင္ေလး က ခနဲ႕သလိုၿပဳံးရင္း နဲ႕ ေျပာလိုက္တယ္။



.

.

.



ေသြးေတြအလူးလူးနဲ႕ တျခားလူေတြရဲ႕ အသက္ေတြ စြန္းေပေနတဲ့ ေကာင္မေလး ရဲ႕ ဓါးသြားက အခုေတာ့ ေျမႀကီးေပၚမွာ သုံးမဲ့လူမရွိဘဲ ျဖစ္ေနခဲ့ၿပီ။



“လာစမ္းပါကြာ” ေကာင္ေလး က ေျပာတယ္။

သူ႕မ်က္ႏွာ ကို သူ လက္ေလးနဲ႕ ျပန္သပ္ၾကည့္တယ္။ သူ႕မ်က္ႏွာမွာ ေကာင္မေလး ရဲ႕ ဓါးေၾကာင့္ျဖစ္လာတဲ့ ျခစ္ရာ တေၾကာင္း...။



ဒီေကာင္မေလး ဟာ လူသား (ေသမ်ိဳး) အတြက္ဆိုရင္ မယုံနိုင္ေလာက္ေအာင္ အစြမ္းထက္ေနခဲ့တယ္။ 



ေရွးတုန္းက နတ္ဘုရားေတြ နဲ႕ ခုေခတ္ နတ္ဘုရားေတြ ေတာင္ သူ႕ကို ပြန္းရာ ပဲ့ရာ ျဖစ္ေအာင္ လုပ္ဖို႔ မတတ္နိုင္ဘူး။ ေနာက္ ႏွစ္အနည္းငယ္ေလာက္သာၾကာရင္ ဒီေကာင္မေလး က သူ႕ေလာက္နီးနီး ဒါမွမဟုတ္ သူ႕ထက္ေတာင္ အစြမ္းထက္သြားနိုင္တယ္။



ကံေကာင္းတာက သူမ အရမ္းအစြမ္းမထက္လာခင္ သူ အဆုံးသတ္ေပးနိုင္လိုက္ၿပီ။ ဒါမွ သူ႕ေနရာကိုလဲ မၿခိမ္းေျခာက္နိုင္ေတာ့မွာ။



“ကဲ အိမ္ျပန္ၾကစို႔” ဒီ လူသား အေရခြံက သိပ္ၾကာၾကာခံေတာ့မွာမဟုတ္ဘူး။



ေကာင္ေလးရဲ႕ ခႏၶာကိုယ္ က ႐ုတ္တရက္ လဲက်သြားၿပီး ေနရာတခုလုံးက အေသေကာင္ေတြ၊ ေသဆုံးေနတဲ့ လူေတြရဲ႕ အနံ႕အသက္ေတြ နဲ႕ ျပည့္သြားခဲ့တယ္။ 







−−−−−−−−−−



ကဲ အခန္း (၁) ၿပီးတဲ့ အထိ ဖတ္ေပးလို႔ ေက်းဇူးတင္ပါတယ္။ ေတာ္ေတာ္ရွည္သြားတယ္ေနာ္။



ဇာတ္လမ္းထဲက ေကာင္မေလး −

ဘာ....... အခန္း (၁) ကို ဒါေလာက္ အရွည္ႀကီးေရးတာ ငါ့ကို ေနာက္ဆုံးမွာ သတ္ပစ္ဖို႔လား။

အ႐ူးေကာင္၊ ငါ့ကို အခန္း (၁) ကတည္း က သတ္ပစ္တယ္...။



☝👇☝👇☝👇☝👇☝👇

အခန္း (၂) ေမွ်ာ္.....




Unicode....
နတ်ဘုရားတွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ငါ ပြန်ရှင်သန်ခဲ့တယ်...

အခန်း () သေခြင်း
သေတယ် ဆိုတာ ဘာမှ မဟုတ်ပါဘူး။ ဒါပေမဲ့ အသစ်တခုရဲ့ အစလို့တော့ ပြောလို့ရတယ်။

သွေးအလိမ်းလိမ်း နဲ့ ဘယ်သူဘယ်ဝါမှန်းမသိအောင် ရုပ်ပျက်ဆင်းပျက် ခုတ်ထစ်သတ်ဖြတ်ခံထားရတဲ့ ခန္ဓာကိုယ် အပိုင်းအစတွေ က အသက်ကင်းမဲ့ပြီး အေးစက်နေတဲ့ မြေပြင်ပေါ်မှာ ခြောက်ခြားဖွယ် ပြန့်ကြဲနေတယ်။

မြေပြင်ဟာ အက်ကွဲပြီး ဘာဆိုတာမှန်းခွဲခြားရခက်တဲ့ အပိုင်းအစတွေက ထိုးထိုးထောင်ထောင်ထွက်နေကြတယ်။ တချိန် က တောက်ပဝံ့ကြွားခဲ့တဲ့ အဆောက်အဦးတွေက ဖျက်ဆီးခံထားရပြီး သူတို့ရဲ့ အကြွင်းအကျန်တွေဟာ နေရာတိုင်းမှာ ပြန့်ကြဲနေတယ်။ အရင်တုန်း က သိပ်ကို စည်ကားပြီး လှပပျော်ရွှင်ဖွယ်ကောင်းတဲ့ မြို့ကြီး တခု ဖြစ်ခဲ့တယ် ဆိုတာကို ဘယ်သူမှ ပြောနိုင်တော့မယ် မထင်ပါဘူး။

ဒီအသေကောင်တွေ နဲ့ အပျက်အစီးတွေ ကြားမှာ အသက် (၁၇) နှစ်ကျော်လောက် မိန်းကလေးတယောက်ဟာ သွေးတွေရွှဲနစ်နေတဲ့ အနက်ရောင် ဝတ်စုံကို ဝတ်ပြီး မားမားရပ်နေတယ်။ သူမ ရဲ့ မျက်နှာဟာ နှင်းပွင့်လေးတွေလို ဖြူဆွတ်နေပြီး မျက်လုံးတွေ ကတော့ မြကျောက်လို စိမ်းဖန့်ဖန့်အရောင်တောက်နေတယ်။ သူမ ရဲ့ နှုတ်ခမ်းတွေ က သွေးလိုနီရဲပြီး လမိုက်ညလို နက်မှောင်တောက်ပြောင်နေတဲ့ ဆံပင်ကို ပိုင်ဆိုင်ထားတယ်။ သူမကို ကြည့်ရတာ မနှင်းဖြူ လေးလိုပါပဲ။ နတ်ဖုရားမလေး တပါးလို့လဲ ဆိုနိုင်လောက်တယ်။


သူမ ကို ကြည့်ရတာ ဝိဉာဉ် ကင်းမဲ့နေသလိုပါပဲ။ သူမဟာ ပျင်းရိပျင်းတွဲရပ်နေပြီး၊ သွယ်လျလှပတဲ့ လက်ကလေး မှာ ပတ္တမြားအသွေးလို နီရဲနေတဲ့ သွေးတွေ က တစက်စက် ကျဆင်းနေတယ်။ ဒါပေမဲ့ သူမ ကိုယ်ပေါ်မှာ ဒဏ်ရာနဲ့ တူတာ ခြစ်ရာလေး တခုတောင် ရှိမနေပါဘူး။

ဒီ သွယ်သွယ်လျလျ လှလှပပ ကောင်မလေးကို ရန်လိုနေတဲ့ ယောကျာ်းတသိုက် က သတ်ဖြတ်ချင်စိတ်အပြည့်နဲ့ ဘေးပတ်လည်ကနေ ဝိုင်းရံထားကြတယ်။ သာမန်လူတယောက်သာဆိုရင် ဒီအခြေအနေမှာ ကြောက်စိတ်နဲ့ တုန်ရီပြီး ထွက်တောင်ပြေးလောက်ပါတယ်။ ဒါပေမဲ့ သူမကတော့ ထီမထင်တဲ့ မျက်နှာပေးလေးနဲ့ ရပ်နေတယ်။

သားကောင်ကို ဝန်းရံမိထားတဲ့ မြေခွေးအုပ်လို အဲဒီ လူစု ဟာ ကောင်မလေးဆီ ကို ချဉ်းကပ်လာကြတယ်။ 



ပေလောက် မြင့်တဲ့ လူသန်ကြီးတယောက်က တိတ်ဆိတ်မှုကို ဖြိုခွဲပြီး စကားစလိုက်တယ်။

မင်းနိုင်ဖို့ အခွင့်အရေးတောင် မရှိတော့ပါဘူးကွာ။ ဘာလို့ အရှုံးမပေးသေးတာတုန်း? ငါတို့လဲ အလကားနေရင်း အားမကုန်အောင်၊ မင်းလဲ သက်သက်သာသာ နဲ့ သေစရာရှိတာ သေလို့ရအောင် ငါတို့ ညှိကြမယ်လေ။ မင်း ကို ခပ်မြန်မြန် နဲ့ မနာအောင် အဆုံးသတ်ပေးမှာပါ။ ငါ ကတိ……”

ကန်းနေတဲ့လူဖြစ်ရင်တောင် ဒီလူကြီးရဲ့စကားသံက သြဇာအာဏာပြည့်ဝတယ် ဆိုတာကို လက်ခံလိမ့်မယ်။ သူ့ရဲ့ ပြည့်ဝသန်မာတဲ့ စိတ်ဓါတ်အင်အား က သူပြောတဲ့စကားမှာကို ပေါ်လွင်နေတယ်။

ဒါပေမဲ့ သူ စကားထပ်မဆက်ရသေးခင်မှာပဲ.. ရုတ်တရက် သေဆုံးသွားတယ်။
သူ့ရဲ့ ခန္ဓာကိုယ် က အပိုင်းပိုင်းပြတ်သွားပြီး ဝက်သတ်သလို အသတ်ခံလိုက်ရတယ်။
သူ့ခန္ဓာကိုယ် က ပန်းထွက်လာတဲ့ သွေးတွေက သူ့နောက်မှာ ရပ်နေတဲ့ သူ့ အဖော်တွေဆီကို စင်ကုန်တယ်။

အားလုံးဟာ ကြက်သေသေကုန်ကြတယ်။

ဘာလဲ..? ဒီလူ က သိပ်စကားများတယ်.. ငါ က အဓိပ္ပါယ်မရှိတဲ့ စကားတွေ တောင်စဉ်ရေမရ လျှောက်ပြောနေတာမျိုးကို ကြိုက်တာမဟုတ်ဘူးလို့ ကောင်မလေး က အပြစ်ကင်းစင်တဲ့ အပြုံးလေးကို ပြုံးရင်း အေးတိအေးစက် ပြောလိုက်တယ်။ သူ့ အပြုံးနဲ့ အပြော ကိုပဲ မြင်ရင် ကလေးလေးတယောက်လို ဖြူစင်တယ်လို မြင်သူတိုင်း က ထင်ကြမှာပါပဲ။

သူတို့ အဖော် ရုတ်တရက် အသက်ပျောက်သွားတဲ့နောက်မှာ... ရန်လိုနေတဲ့လူစု ရဲ့ သတ်ဖြတ်ချင်စိတ်ကို ကြောက်စိတ် က နေရာဝင်ယူသွားတယ်.. မျက်တောင် တခတ် အတွင်း ကောင်မလေး ရုတ်တရက် သတ်ပစ်လိုက်တဲ့ လူက သူတို့ အုပ်စုထဲမှာ အသန်မာဆုံးတယောက် ဖြစ်တယ်လေ။

သူတို့ မျက်တောင်မခတ်တမ်းကြည့်နေတာတောင် သူမရဲ့ လှုပ်ရှားမှုကို မမြင်လိုက်ရဘူးလေ။

ဘာလဲ။ ရှင်တို့ က ကျမနဲ့ တိုက်ဖို့ ကြောက်နေပြီလား?” ကောင်မလေး က မခံချိမခံသာဖြစ်အောင် ပြောပြီး စကားနာထိုးလိုက်တယ်။

အားလုံးက လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။
သေဆုံးသွားရတဲ့ အဖော်တွေအတွက် ကလဲ့စားချေချင်တဲ့ အုပ်စုနဲ့ ကိုယ့်အသက်ကို ကယ်တင်ဖို့ ရတဲ့နေရာက ထွက်ပြေးမဲ့ အုပ်စု ဆိုပြီး နှစ်ဖွဲ့ကွဲသွားတယ်။ ခဏလောက်ကြာပြီးတဲ့ အခါမှာ အားလုံးက ကလဲ့စားချေဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဖိစီးနေတဲ့ အကြောက်တရား နဲ့ပဲ အားလုံးတူတူ စုပေါင်းပြီး မိန်းကလေး ကို ပြန်တိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ သူတို့သာ စုစုစည်းစည်းနဲ့ တိုက်မယ်ဆိုရင် ဒီကောင်မလေးကို အနိုင်တိုက်နိုင်မယ်လို့ အားလုံးက ထင်ထားကြတယ်။

ဟုတ်တယ်မလား?

ဘယ်သူမှတော့ မဖြေနိုင်ပါဘူး။ ဘယ်သူမှတော့ မဖြေနိုင်ပါဘူး။ သူတို့သာ ထင်တဲ့ အတိုင်း မဖြစ်လာခဲ့ရင်...

တဖက်ခြမ်းစွန်းစွန်းမှာ ကောင်လေး တယောက်ရပ်နေတယ်။ အသက် ၁၂ နှစ်ကျော်ကျော်လောက်လို့ ထင်ရတယ်။ ကောင်မလေးလိုပဲ ဖြူဖတ်ဖြူလျော်လေး၊ ဒါပေမဲ့ သူ့ကြည့်ရတာ နည်းနည်းပိုနူးညံ့ပြီး ကောင်မလေးလောက်တော့ အေးစက်စက် မဟုတ်ဘူး။ ကောင်းကင်ပြာရောင်လို တောက်ပတဲ့ မျက်ဝန်းပြာတွေကို ပိုင်ဆိုင်ထားတယ်။ နှုတ်ခမ်းတွေ က အနီရောင်သမ်းပြီး ချိုမြတယ်လို့ ခံစားရစေတယ်။ တခုရှိတာက ကောင်မလေး ရဲ့ ဆံနွယ်တွေက နက်မှောင်တောက်ပြောင်သလောက် ကောင်လေး ရဲ့ ဆံပင်တွေကတော့ ဆွတ်ဆွတ်ဖြူနေတာပဲ။ သူ့ရဲ့ ဆံပင်ဖြူတွေက သူဝတ်ထားတဲ့ အဖြူရောင်ဝတ်ရုံကြီးနဲ့ ပနံသင့်နေတယ်။ ဝတ်စုံဖြူဟာ အစွန်းအထင်းတခုတောင် မရှိဘဲ သန့်ရှင်းတောက်ပြောင်နေတာပဲ။

ကောင်လေးရဲ့ အနောက်နားမှာ ကောင်မလေး နဲ့ ကောင်လေး ထက် အသက်ကြီးမဲ့ပုံပေါ်တဲ့ လူကြီးတယောက် ရပ်နေတယ်။ သူကလဲ ကောင်လေးလိုပဲ အဖြူရောင် ဝတ်စုံကို ဝတ်ထားတယ်။ ခါးမှာလဲ သူကိုင်နေကျ ဓါးရှည်တလက်ကို ချိတ်ဆွဲထားသေးတယ်။

ကောင်မလေး နဲ့ တူတဲ့ နောက်ထပ်အချက်တွေကတော့ သူတို့ကို ကြည့်ရတာလဲ ဝိဉာဉ်ကင်းမဲ့နေသလိုပါပဲ။

ဒီမှာ ဖြစ်နေတဲ့ တိုက်ပွဲက ကောင်လေး ကို မအံ့သြစေဘူး။ ကောင်လေး အနေနဲ့လဲ သူရှာနေတာ တွေ့သွားပုံရတယ်။

ရန်လိုနေတဲ့ လူအုပ်စု ထဲက လူတွေအားလုံးက ကောင်မလေးကို တပြိုင်နက် ဝိုင်းတိုက်ခိုက်လိုက်ကြတယ်။ အားလုံး က သူတို့ တတ်နိုင်သမျှ အင်အားကို အစွမ်းကုန်ထုတ်ပြီး ကောင်မလေး ကို တိုက်ခိုက်တာကို ကောင်လေး က မြင်တယ်။ 

ငတုံးတွေပဲလို့ သူ ကြည့်ရင်းတွေးမိလိုက်တယ်။

ကောင်မလေးနားကို ထိပ်ဆုံးရောက်သွားတဲ့ လူတယောက်က သူ့ဓါးကို မာန်သွင်းပြီး အော်ရင်း မြှောက်လိုက်တယ်။အလင်း ….” သူ ဆုံးအောင် မာန်သွင်းဖို့ မတတ်နိုင်လိုက်ပါဘူး။ တဝက်တပျက်နဲ့ပဲ အသက်ပေးလိုက်ရရှာတယ်။ သူ့နောက်က လိုက်လာတဲ့ အဖော်တွေကိုပါ တဆက်တည်း တိုက်ခိုက်လိုက်တာ အားလုံးက အပိုင်းပိုင်း ပြတ်ပြီး ဇာတ်သိမ်းကုန်တယ်။

သွေးစက်တွေ က လေထုထဲ ဝဲပျံနေပြီး နေရာတကာကို သွေးတွေ ပြန့်ကြဲကုန်တယ်။

လူတွေ အားလုံးရဲ့ အဝတ်တွေ က သွေးတွေနဲ့ ရွှဲနစ်ကုန်တယ်။ အားလုံး က ဒီ ကြောက်စရာမြင်ကွင်းကို မျက်လုံးပြူးပြီး ကြည့်နေကြပြီးတော့ တပြိုင်နက်တွေးမိတာကသူမ က ဘယ်သူပါလိမ့်

အင်း ဘာ မှော်အစွမ်း မှ မသုံးပဲ ဒီလူတွေကို ဒီလို အဖြစ်မျိုးနဲ့ သေအောင် သတ်နိုင်တယ် ဆိုကတည်း က စဉ်းစားသင့်နေပါပြီ။

ကျန်နေတဲ့လူတွေ က ကြောက်ရွံ့နေကြပြီးတော့ တပြိုင်နက်မှာ ကျဆုံးသွားတဲ့ သူတို့ ညီနောင်တွေ အတွက် ဒေါသလည်းထွက်၊ နောင်တလဲရနေကြတယ်။

ဝိဉာဉ် အကရုတ်တရက် လူစုထဲက တယောက်က ပီပီသသ နဲ့ ကျယ်ကျယ် အော်ပြီး သူ့ အစွမ်းကို ထုတ်သုံးလိုက်တယ်။ ဒီ တခုက အလုပ်ဖြစ်မယ်လို့ သူ ယုံကြည်ထားတယ်။

အလင်းလို လျင်မြန်စွာ နဲ့ မိန်းကလေး ဆီကို သူပြေးပြီး သူ့ သူငယ်ချင်းတွေ သေဆုံးမှု အတွက် တိုက်ခိုက်လိုက်တယ်။

ဘေးပတ်ပတ်လည် လေထဲကနေ ဓါးသွားပုံတွေ မှော်ဆန်ဆန်ပေါ်လာပြီး ကောင်မလေး ဆီ တိုက်ရိုက်ပြေးဝင်သွားတယ်။ သူ ခနဲ့ပြုံးလေး ပြုံးလိုက်ပြီး၊ ကောင်မလေး ကို အဆုံးမှာ သတ်နိုင်ဖို့ စိတ်တွေလှုပ်ရှားနေတယ်။ ကောင်လေးကတော့ ပျင်းရိပျင်းတွဲ့ပဲ သူမရဲ့ ညာဘက်လက်ကို မြှောက်ပြီး တိုက်ကွက်ကို တန်ပြန်လိုက်တယ်။

ဘယ်လိုတောင် အရေးမစိုက်သလို စော်ကားလိုက်တာလဲသူ က အော်ပြီးပြောလိုက်တယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် သူမရဲ့ လက်တချက် အမြှောက်မှာ သူ့ရဲ့ တိုက်ကွက် ဟာ အပိုင်းပိုင်းပျက်စီးသွားခဲ့ရတယ်။ 
သူ့တိုက်ကွက် ပျက်စီးသွားတာ ကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်တဲ့ အခါ သူ့ မျက်နှာဟာ ဖြူဖတ်ဖြူလျော်ဖြစ်သွားပြီးအလွန်ထိတ်လန့်သွားတယ်။

အဲဒီနောက်မှာ ပြေးဝင်လာတဲ့ သူ့အရှိန်ကို ရပ်မရတော့ဘဲ ကောင်မလေး အနီး ချဉ်းကပ်မိသွားတယ်။ အနီးရောက်လာတာနဲ့ သူ့ ခန္ဓာကိုယ်ဟာ အညီအမျှ ဘယ်ညာ နှစ်ဖက်ခြမ်းခံလိုက်ရတယ်။

ကောင်မလေး ရဲ့ လှုပ်ရှားမှု က အလွန်သွက်လက်ပြီး တိကျလွန်းနေတယ်။ တိုက်ခိုက်လာတဲ့လူဟာ ရှောင်ဖို့ကော၊ တန်ပြန်တိုက်ခိုက်ဖို့ကော အခွင့်အရေး လုံးဝ မရလိုက်ဘူး။ သူ့ မျက်လုံးတွေ က အလွန်ထိတ်လန့်နေတဲ့ အသွင် နဲ့ ပြူးကျယ်ပြီး ခန္ဓာကိုယ် က မြေပေါ်ကို တဖက်တချက်စီ လဲကျသွားခဲ့တယ်။

သူ့နောက်ဆုံး အတွေး က တော့အရေးမစိုက်သလို စော်ကားလိုက်တာ သူမ မဟုတ်ဘူး။ ငါပါလား။ သူမ ဟာ ငါ့ကို အေးအေးဆေးဆေး သတ်ပစ်နိုင်လောက်တဲ့ အထိ တော်လှပါလား။ဆိုတာမျိုး ဖြစ်လိမ့်မယ်။

နောက်ဆုံး ကျန်တဲ့ ယောက်ရဲ့ ကံကြမ္မာ က ဘာဖြစ်လာဦးမလဲ။

ဒီ ကောင်မလေးဟာ ရက်စက်ကြမ်းကြတ်ပြီး၊ ကရုဏာကင်းမဲ့ သနားတတ်တဲ့စိတ်လုံးဝ မရှိသူ ဖြစ်တယ်။ တချို့တွေ က ခေါင်းဖြတ်သတ်ခံရတယ်။ တယောက်ကို ဦးဏှောက်တွေ ပြတ်ထွက်အောင် ခုတ်ဖြတ်ထားပြီးတော့ နောက်တယောက် ကိုတော့ လည်ချောင်းကို ဓါးနဲ့ မွှေပြီး စုတ်ဖြဲထားတယ်။ တခြားလူတွေကိုလဲ အပိုင်းပိုင်း ဖြစ်အောင် ခုတ်ဖြတ်ထားတယ်။

သူမကို ကြည့်ရတာ သွေးတွေ က ရေလို ရွှဲနစ်နေပြီး အေးစက်စက် နဲ့၊ အော်ဂလီဆန်စရာ နေရာမှာ ကျေနပ်နေသလိုပဲ။

နောက်ဆုံးကျန်တဲ့ တယောက်ကို ကြည့်ရတာ မုန်တိုင်းကြား က သစ်ရွက်ကလေးလိုပဲ။ အလွန်တုန်လှုပ်စွာ နဲ့ ရှိနေတယ်။ သူဟာ ကြက်သေသေနေပြီး၊ ကောင်မလေးကို အရမ်းကြောက်ရွံ့နေတယ်။ ကောင်မလေး က သူ့ အဖော်တွေကို ရက်ရက်စက်စက် သတ်ပစ်လိုက်ပြီမလား။ သူ့စိတ်ထဲမှာ ကောင်မလေး အနေနဲ့ သူ့ အဖော်တွေကို လူလို့တောင် မြင်ရဲ့လား ဆိုတာ သံသယ ဖြစ်မိတယ်။ သူ့ အဖော်တွေကို ကောင်မလေး က သူ့ရှေ့ကလမ်းမှာ တွေ့တဲ့ မြက်ပင်တွေ ရှင်းသလို ရှင်းထုတ်သွားခဲ့တာလေ။

.. ကောင်းပြီ ကောင်းသားပဲ.. ရှင် က နောက်ဆုံးကျန်တဲ့ တယောက်ပေါ့။ကောင်မလေး က ကျားသစ်နက် တကောင် ညမှောင်ရိပ်ခိုပြီး သားကောင်ဆီ ချဉ်းကပ်လာသလို လာရင်း ပြောတယ်။ ကောင်မလေး က မကောင်းဆိုးဝါး တကောင်လို ကြောက်မက်ဖွယ်မျက်နှာပေးနဲ့ ပြုံးလိုက်ပြီး... “ကောင်းတယ်။ ငါ အကြိုက်ဆုံး နည်းလမ်းကို သုံးဖို....”

နောက်ဆုံးကျန်တဲ့လူ က အလွန်ထိတ်လန့်သွားတယ်။ မဟုတ်ဘူး။ သူက အရမ်း ထိတ်လန့်နေပြီးသား။ ခုတော့ ဒီ မကောင်းဆိုးဝါးလေး ရဲ့ လက်က လွတ်ဖို့အတွက် ခပ်မြန်မြန်သေဖို့ ဆုတောင်းနေရပြီလေ။ သူက သူ့ရဲ့ နောက်ဆုံးလက်ကျန် အစွမ်းလေးကို ထုတ်သုံးဖို့တော့ ကြိုးစားပါသေးတယ်။ ဒါပေမဲ့ ကောင်မလေး ရဲ့ အစွမ်းအောက်မှာ သူ့ အစွမ်းက ကွယ်ပျောက်သွားရပြီလေ။

ပြီးတာနဲ့ ကောင်မလေး က နောက်ဆုံးကျန်တဲ့လူကို တိုက်ခိုက်တယ်။ ကောင်မလေး အနေနဲ့ အားလုံးကို အရင်ဆုံး အစွမ်းပြခိုင်းပြီးမှ သတ်ပစ်တာ ဖြစ်တယ်။ ကြည့်ရတာ ကောင်မလေး က သူတို့တယောက်ချင်းစီကို ကြောင် က ကြွက်ကို ဆော့သလို ဆော့ပြီး သတ်ပစ်နေတာပဲ။

နောက်ဆုံးကျန်တဲ့လူဟာ ကြောက်လွန်းလို့ တုန်ရီနေတဲ့ကြားထဲ သူ့ ဘောင်းဘီဂွကြားမှာ စိုတဲ့အကွက်ကြီး တကွက် ပေါ်လာတယ်။ ကြောက် သေးထွက်ကျတာပေါ့။ ကောင်မလေး က ချစ်စဖွယ်အမူအရာနဲ့ နှာခေါင်းရှုံ့လိုက်ပြီး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သေးတယ်။ အဲဒီနောက်မှာ..

သူမရဲ့ ဓါးကို မြှောက်လိုက်ပြီး နောက်ဆုံးလူရဲ့ နှလုံးတည့်တည့်ကို ထိုးစိုက်ချလိုက်တယ်။ ပြီးတော့ ဓါးကို မွှေ့လိုက်တဲ့ အခါ ဟိုလူရဲ့ ရင်ဘတ်မှာ အပေါက်အကြီးကြီးဖြစ်သွားပြီး ကောင်မလေး ရဲ့ ဓါးဖျားမှာ ဟိုလူရဲ့ နှလုံးကြီး ပါလာတယ်။

ဘယ်လောက် ပျော်ဖို့ကောင်းတုန်းကောင်မလေး က ပြောတယ်။ ပြီးတော့ သူ့ဓါးကို အသာဝှေ့ယမ်းပြီး နှလုံးကြီးကို ညစ်ပတ်နေတဲ့ မြေကြီးပေါ်ပစ်ချလိုက်တယ်။ မြေကြီးပေါ်မှာ နှလုံးကို ဖုန်မုန့်တွေ၊ သဲတွေ ပေကုန်တယ်။
ကောင်းပြီ 
ကောင်မလေး က ထူးဆန်းတဲ့ ကောင်လေး နဲ့ လူကြီး ရှိတဲ့ နားကို လှည့်ကြည့်လိုက်တယ်။
ယောကျာ်းလေး ယောက်က လဲ အေးအေးဆေးဆေး ပြန်ကြည့်တယ်။

သူတို့အားလုံးဟာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်ကြပြီး လုံလောက်တဲ့စိတ်ဓါတ်ခွန်အားတွေ ရှိနေကြတယ်။

ကောင်လေးက ကောင်မလေးဆီကို ကပ်သွားတယ်။
ရုတ်တရက် ကောင်လေး က သူ့ဓါးကို ဓါးအိမ်ကနေ ချွတ်လိုက်တယ်။ အဓိပ္ပါယ်ကတော့ ရှင်းပါတယ်။ တိုက်ကြမယ်ပေါ့။ ကောင်လေးက ကောင်မလေးကို တိုက်မယ်။ နိုင်ရင် ဒါမှမဟုတ် သတ်နိုင်ချင်လဲ သတ်နိုင်မယ်။ ဒါပေမဲ့ ကောင်မလေး က လည်း လည်တယ်။ ဒီတိုက်ပွဲက တယောက်ယောက် ဒဏ်ရာပြင်းပြင်းထန်ထန်မရမချင်း မပြီးဘူးဆိုတာ သိတယ်။

ဘုရားသခင်..” ကောင်မလေး က ရေရွတ်တယ်။
ကောင်မလေး က ခဏတဖြုတ်နားချင်နေပြီလေ။ အိပ်ရေးဝဝ အိပ်ပလိုက်ချင်နေပြီ။
သူမ ဘယ်လိုအနားယူရမလဲ ဆိုတာကိုပဲ သူမတွေးနေမိတာ။

ဒါလူတွေ ကျနော့ကို ခေါ်တဲ့နာမည်ပဲကောင်လေး က တိုက်ခိုက်နေတုန်း ပြုံးရင်း ပြောတယ်။

ဟမ်?” ကောင်လေးက သာပြောတာ ကောင်မလေး က နားမလည်ဘူး။

ဘုရားသခင်၊ ဒါ ကျနော့ကို လူတွေ (သေမျိုးတွေ) ခေါ်တဲ့နာမည်ပဲ 

ကောင်မလေး က ရုတ်တရက် အရမ်း အံ့သြသွားပြီး ယဲ့ယဲ့လေး ပြုံးလိုက်တယ်။

ငါတို့ တိုက်ကြရအောင်ကောင်လေး က ခနဲ့သလိုပြုံးရင်း နဲ့ ပြောလိုက်တယ်။

.
.
.

သွေးတွေအလူးလူးနဲ့ တခြားလူတွေရဲ့ အသက်တွေ စွန်းပေနေတဲ့ ကောင်မလေး ရဲ့ ဓါးသွားက အခုတော့ မြေကြီးပေါ်မှာ သုံးမဲ့လူမရှိဘဲ ဖြစ်နေခဲ့ပြီ။

လာစမ်းပါကွာကောင်လေး က ပြောတယ်။
သူ့မျက်နှာ ကို သူ လက်လေးနဲ့ ပြန်သပ်ကြည့်တယ်။ သူ့မျက်နှာမှာ ကောင်မလေး ရဲ့ ဓါးကြောင့်ဖြစ်လာတဲ့ ခြစ်ရာ တကြောင်း...

ဒီကောင်မလေး ဟာ လူသား (သေမျိုး) အတွက်ဆိုရင် မယုံနိုင်လောက်အောင် အစွမ်းထက်နေခဲ့တယ်။ 

ရှေးတုန်းက နတ်ဘုရားတွေ နဲ့ ခုခေတ် နတ်ဘုရားတွေ တောင် သူ့ကို ပွန်းရာ ပဲ့ရာ ဖြစ်အောင် လုပ်ဖို့ မတတ်နိုင်ဘူး။ နောက် နှစ်အနည်းငယ်လောက်သာကြာရင် ဒီကောင်မလေး က သူ့လောက်နီးနီး ဒါမှမဟုတ် သူ့ထက်တောင် အစွမ်းထက်သွားနိုင်တယ်။

ကံကောင်းတာက သူမ အရမ်းအစွမ်းမထက်လာခင် သူ အဆုံးသတ်ပေးနိုင်လိုက်ပြီ။ ဒါမှ သူ့နေရာကိုလဲ မခြိမ်းခြောက်နိုင်တော့မှာ။

ကဲ အိမ်ပြန်ကြစို့ဒီ လူသား အရေခွံက သိပ်ကြာကြာခံတော့မှာမဟုတ်ဘူး။

ကောင်လေးရဲ့ ခန္ဓာကိုယ် က ရုတ်တရက် လဲကျသွားပြီး နေရာတခုလုံးက အသေကောင်တွေ၊ သေဆုံးနေတဲ့ လူတွေရဲ့ အနံ့အသက်တွေ နဲ့ ပြည့်သွားခဲ့တယ်။ 


−−−−−−−−−−

ကဲ အခန်း () ပြီးတဲ့ အထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ တော်တော်ရှည်သွားတယ်နော်။

ဇာတ်လမ်းထဲက ကောင်မလေး
ဘာ....... အခန်း () ကို ဒါလောက် အရှည်ကြီးရေးတာ ငါ့ကို နောက်ဆုံးမှာ သတ်ပစ်ဖို့လား။
အရူးကောင်၊ ငါ့ကို အခန်း () ကတည်း က သတ်ပစ်တယ်...


အခန်း () မျှော်.....